back

အမေရိကန် သတိပေးချက်ကြောင့် နိုင်ငံတကာလေကြောင်းလိုင်းအချို့ ဗင်နီဇွဲလားခရီးစဉ်များ ဖျက်သိမ်း

Nov 24 • 2:06 AM

breaking-news

မြန်မာ

ပြည်ပ

cover

အမေရိကန် သတိပေးချက်ကြောင့် နိုင်ငံတကာလေကြောင်းလိုင်းအချို့ ဗင်နီဇွဲလားခရီးစဉ်များ ဖျက်သိမ်း

အမေရိကန်ပြည်ထောင်စု လေကြောင်းစီမံခန့်ခွဲရေးဌာန (FAA) က ဗင်နီဇွဲလားဝေဟင်ပေါ် ပျံသန်းခြင်းသည် အန္တရာယ်ရှိနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ပြီးနောက် နိုင်ငံတကာလေကြေ...

အမေရိကန်ပြည်ထောင်စု လေကြောင်းစီမံခန့်ခွဲရေးဌာန (FAA) က ဗင်နီဇွဲလားဝေဟင်ပေါ် ပျံသန်းခြင်းသည် အန္တရာယ်ရှိနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ပြီးနောက် နိုင်ငံတကာလေကြောင်းလိုင်းအချို့သည် ဗင်နီဇွဲလားနိုင်ငံ၊ ကရာကတ်စ်မြို့သို့ အသွားအပြန် ခရီးစဉ်များကို ဖျက်သိမ်းခဲ့ကြသည်။ လုံခြုံရေးအခြေအနေ ယိုယွင်းလာခြင်းနှင့် စစ်ရေးလှုပ်ရှားမှု မြင့်တက်လာခြင်းတို့ကြောင့် ပျံသန်းမှုအန္တရာယ်များရှိသည်ဟု FAA က သတိပေးခဲ့ခြင်းဖြစ်သည်။ ဘရာဇီး၏ Gol၊ ကိုလံဘီယာ၏ Avianca၊ ချီလီ၏ LATAM၊ Caribbean နှင့် TAP အဲရ်ပေါ်တူဂီ လေကြောင်းလိုင်းတို့သည် စနေနေ့တွင် ထွက်ခွာမည့် ခရီးစဉ်များကို ဖျက်သိမ်းခဲ့ပြီး TAP အဲရ်ပေါ်တူဂီမှာ နောက်အပတ် အင်္ဂါနေ့အထိ ခရီးစဉ်များကို ဖျက်သိမ်းခဲ့ကြောင်း အတည်ပြုခဲ့သည်။ အမေရိကန်သည် ဒေသတွင်း၌ စစ်ရေးလှုပ်ရှားမှုများ တည်ဆောက်ထားပြီး ဗင်နီဇွဲလားနှင့် ဆက်စပ်သော စစ်ဆင်ရေးအဆင့်သစ်ကို စတင်ရန် အသင့်ဖြစ်နေပြီဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

news-view-count-icon

26