လက်ရှိ ဘဏ္ဍာနှစ်၏ ခုနစ်လတာ ကာလအတွင်း မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ငါးမက်ထရစ်တန်ချိန် စုစုပေါင်း ၁၆၅,၁၀၉ တန်ကျော် တင်ပို့ထားရာ အမေရိကန်ဒေါ်လာ ၂၀၁.၀၉၇ သန်း ရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ တင်ပို့မှုပမာဏ၏ တန်ချိန် ၈၅,၇၅၆ ကျော် သည် ပင်လယ်ရေကြောင်းမှ ပုံမှန်ကုန်သွယ်မှုဖြစ်ပြီး တန်ချိန် ၇၉,၃၅၂ ကျော် မှာ နယ်စပ်ကုန်သွယ်ရေးမှ ဖြစ်သည်။ မြန်မာနိုင်ငံသည် ငါးနှင့် ပုစွန်ကဲ့သို့သော ရေထွက်ကုန်ပစ္စည်းများကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် အပါအဝင် ပြည်ပနိုင်ငံပေါင်း ၄၀ ကျော် သို့ တင်ပို့လျက်ရှိသည်။
မြန်မာနိုင်ငံသည်၇ လအတွင်း ပြည်ပသို့ ငါးတန်ချိန် ၁၆၀,၀၀၀ ကျော် တင်ပို့၊ ဝင်ငွေ ဒေါ်လာ သန်း ၂၀၀ ကျော် ရရှိ
Nov 24 • 1:59 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 43 | 0 | 0 | 0 |


