ပေါ်ဆန်းဆန်ဈေးနှုန်းများ တည်ငြိမ်ရေးအတွက် သက်သာသည့်စျေးနှုန်းဖြင့် နိုဝင်ဘာ၂၆ရက်မှစတင်၍ စားသုံးသူများထံ
တိုက်ရိုက်ရောင်းချပေးသွားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ထုတ်ပြန်ချက်အရ သိရသည်။အဆိုပါအစီအစဉ်အားအဆိုပါအစီအစဉ်ကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းတို့မှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး နိုဝင်ဘာလ ၂၆ ရက်နေ့မှစတင်ပြီး စားသုံးသူအိမ်ထောင်စုများထံ အိတ်အကြီး (၁၀၈ ပေါင် - ၂၄ ပြည်) ကို အိမ်အရောက်စနစ်၊ အိတ်အသေး (10 Kg, 5Kg) များကို ရပ်ကွက်များ၊ ဈေးများဆီ လှည့်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ဆိုထားသည်။
ထိုသို့ရောင်းချနိုင်ရန် ရန်ကုန်တိုင်းအတွင်းက ရွှေဘိုပေါ်ဆန်းနှင့် ဧရာဝတီပေါ်ဆန်း သိုလှောင်ဖြန့်ဖြူးရောင်းချနေသူများ၊ လက်လီဆိုင်များအနေဖြင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ ဝါးတန်းကုန်စည်ဒိုင်တို့နှင့် ဆက်သွယ်ပြီး ပူးပေါင်းပါဝင်ရန်လိုအပ်ကြောင်း သိရသည်။ထို့အပြင် ရောင်းချသူများအနေဖြင့် မိမိတို့ လက်ဝယ်သိုလှောင်ထားသည့် ပေါ်ဆန်းဆန်များကို ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်စွာဖြင့် ဈေးကွက်အတွင်းကို စဉ်ဆက်မပြတ် ထုတ်ရောင်းပေးရန် သိုလှောင်ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း (လုံးဝ) မပြုလုပ်ရန် နှင့်
စီးပွားရေးအလို့ငှာ ဆန်စပါးသိုလှောင်မှုကို မြန်မာဆန်စပါးအွန်လိုင်း (MyRO) တွင် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း အသိပေးထားသည် ။ ၎င်းအပြင် သိုလှောင်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းများ အနေဖြင့် MyRO စနစ်တွင် မှတ်ပုံတင်ရန်၊ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများကို လစဉ် လဆန်း ၁ ရက်နေ့မှ ၇ ရက်နေ့အတွင်း MyRO တွင် စာရင်းထည့်သွင်းခြင်းကို မပျက်မကွက် လိုက်နာဆောင်ရွက်ဖို့ ထပ်မံအသိပေးထားကြောင်းသိရသည် ။


