အသဲကွဲမြို့တော် သီချင်းနဲ့ ပရိသတ်တွေပါးစပ်ဖျားရေပန်းစားလောက်အောင် သီဆိုခဲ့တဲ့ အဆိုတော်ကြီး ဂျေမောင်မောင်ဟာ လေဖြတ်သွားတာကြောင့် ပရိသတ်တွေရဲ့ မေတ္တာတွေလိုအပ်နေကြောင်း သိရှိရပါတယ်။ အဆိုတော်ဂျေမောင်မောင်ဟာ လေဖြတ်ပြီးနောက် ပြန်လည်ကောင်းမွန်သက်သာလာအောင် လေ့ကျင့်ခန်းတွေကို ပြုလုပ်နေတဲ့ ဗီဒီယိုအား ပရိသတ်တစ်ဦးက အွန်လိုင်းပေါ်မှာ တင်ဆက်ထားတာတွေ့ရပြီး ဂျေမောင်မောင်ကို ကူညီပေးကြဖို့ သမီးဖြစ်သူ သီရိဂျေမောင်မောင်ရဲ့ ကေပေး အကောင့်တွေနဲ့အတူ တွဲ၍ဖော်ပြထားတာဖြစ်ပါတယ်။



