အိန္ဒိယနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့အကြား လေကြောင်းကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုများကို မကြာမီစတင်တော့မည်ဖြစ်ကြောင်း အာဖဂန်၏ တာလီဘန်အစိုးရ ကုန်သွယ်ရေးဝန်ကြီး အယ်လ်ဟာ့ဂျ် နူရူဒင်အဇီဇီ၏ နူးဒေလီခရီးစဉ်အတွင်း သောကြောနေ့တွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ကြေညာခဲ့သည်။ ကဘူးလ်-နူးဒေလီနှင့် ကဘူးလ်-အမ်ရစ်ဆာ လမ်းကြောင်းများရှိ ကုန်စည်ပို့ဆောင်ရေးစင်္ကြန်ကို စတင်ဆောင်ရွက်ပြီဖြစ်ကြောင်းနှင့် အဆိုပါကဏ္ဍများတွင် ကုန်တင်လေလေယာဉ်ခရီးစဉ်များကို များမကြာမီစတင်တော့မည်ဖြစ်ကြောင်းကို ကြေညာရခြင်းအတွက် ဝမ်းမြောက်မိပါကြောင်း ဝန်ကြီးဌာနအရာရှိ အာနတ်ပရာကက်ရှ်က ပြောဆိုသည်ဟု ရို-က်တာသတင်းက ဖော်ပြခဲ့သည်။



