back

နိုင်ဂျီးရီးယား၌ ကျောင်းသား/ကျောင်းသူ ၂၀၀ ကျော်ပြန်‌ပေးဆွဲခံရမှုဖြစ်ပွား

Nov 23 • 5:06 AM

breaking-news

မြန်မာ

ပြည်ပ

cover

နိုင်ဂျီးရီးယား၌ ကျောင်းသား/ကျောင်းသူ ၂၀၀ ကျော်ပြန်‌ပေးဆွဲခံရမှုဖြစ်ပွား

နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်း နိုင်ဂျာပြည်နယ်က ကက်သလစ်စာသင်ကျောင်းတစ်ကျောင်းကို ပြီးခဲ့တဲ့ သောကြာနေ့က သေနတ်သမားတွေ ဝင်ရောက်စီးနင်းပြီး ကျောင်းသားကျောင်းသူ ၂...

နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်း နိုင်ဂျာပြည်နယ်က ကက်သလစ်စာသင်ကျောင်းတစ်ကျောင်းကို ပြီးခဲ့တဲ့ သောကြာနေ့က သေနတ်သမားတွေ ဝင်ရောက်စီးနင်းပြီး ကျောင်းသားကျောင်းသူ ၂၀၀ ကျော်ကို ပြန်ပေးဆွဲခဲ့တယ်လို့ Reuters သတင်းမှာဖော်ပြထားပါတယ်။ဒါဟာ တစ်ပတ်အတွင်း စာသင်ကျောင်းနှစ်ကျောင်းက ကျောင်းသားကျောင်းသူအစုလိုက်အပြုံလိုက် ပြန်ပေးဆွဲခံရမှု ဖြစ်ပါတယ်။လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုတွေရှိနေလို့ ဘော်ဒါဆောင်ပါတဲ့ ကျောင်းတွေကို ယာယီပိတ်သိမ်းထားဖို့ အာဏာပိုင်တွေက ညွှန်ကြားထားတဲ့ နိုင်ဂျာပြည်နယ် ပါပီရီက စိန့်မေရီစာသင်ကျောင်းမှာ ပြီးခဲ့တဲ့ သောကြာနေ့က ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။ကျောင်းသား ၂၁၅ ဦးနဲ့ ဝန်ထမ်း ၁၂ ဦးတို့ သောကြာနေ့အစောပိုင်းက စီးနင်းဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ နိုင်ဂျီးရီးယားခရစ်ယာန်အသင်းက ထုတ်ပြန်ထားပါတယ်။တနင်္လာနေ့တုန်းကလည်း ကျောင်းသူ ၂၀ ကျော် ပြန်ပေးဆွဲခံရမှုအပါအဝင် နိုင်ဂျီးရီးယားမှာ မကြာသေးမီရက်တွေမှာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုသစ်တွေရှိလာခဲ့ပါတယ်။ဒီလိုဖြစ်ရပ်တွေကြောင့် သမ္မတ ဘိုလာ တီနူဘူဟာ လုံခြုံရေးကိစ္စတွေကိုင်တွယ်ဖို့ တောင်အာဖရိကမှာပြုလုပ်မယ့် ဂျီ ၂၀ ထိပ်သီးအစည်းအဝေးအပါအဝင် နိုင်ငံခြားခရီးစဉ်တွေကို ဖျက်သိမ်းခဲ့တယ်လို့လည်းသိရပါတယ်။


news-view-count-icon

31