back

ပြည်တွင်း၌ အကွက်ရိုက်ရောင်းချသည့်လယ်မြေပေါ် အိမ်ဆောက်နေထိုင်ခြင်းကြောင့် ရေရှည်တွင်နစ်နာမှုများရှိလာနိုင်

Nov 23 • 4:35 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်း၌ အကွက်ရိုက်ရောင်းချသည့်လယ်မြေပေါ် အိမ်ဆောက်နေထိုင်ခြင်းကြောင့် ရေရှည်တွင်နစ်နာမှုများရှိလာနိုင်

ပြည်တွင်း၌လယ်ယာမြေပေါ်အကွက်ရိုက်ပြီး အိမ်ဆောက်နေထိုင်ခြင်းကြောင့်၊ ရေရှည်တွင်နစ်နာမှုများရှိလာနိုင်ကြောင်း၊ မန္တလေးမြို့ကဝါရင့်အိမ်ခြံမြေအကျိုးဆောင်နှင့် ရှေ့နေ...

ပြည်တွင်း၌လယ်ယာမြေပေါ်အကွက်ရိုက်ပြီး အိမ်ဆောက်နေထိုင်ခြင်းကြောင့်၊ ရေရှည်တွင်နစ်နာမှုများရှိလာနိုင်ကြောင်း၊ မန္တလေးမြို့ကဝါရင့်အိမ်ခြံမြေအကျိုးဆောင်နှင့် ရှေ့နေအသိုက်အ၀န်းမှသိရသည်။နိုင်ငံတော်မှတရားဝင်ချပေးထားခြင်းမဟုတ်သည့် အကွက်ရိုက်မြေကွက်များပေါ်တွင်၊ အိမ်ဆောက်နေထိုင်ခြင်းဖြင့် ဆုံးရှုံးနစ်နာမှုများဖြင့်သာကြုံတွေ့ရနိုင်သည်ဟု ၎င်းတို့က ဆိုသည်။ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့အမြဲမပြတ်သတိပေးနေပါတယ်၊ လယ်ယာမြေပေါ်အိမ်ဆောက်လူ နေထိုင်ခွင့်နဲ့ ပတ်သက်လို့ မည်သည့်ခေတ်ကာလကမှမရှိခဲ့ကြောင်း၊ တရားမဝင်ကြောင်း၊ အချိန်မရွေးဖျက်သိမ်းခံရနိုင်ကြောင်း၊ အခုမဖျက်သေးလည်း တစ်ချိန်မှာအဖျက်ခံရနိုင်ကြောင်း၊ အဲဒီအချိန်ကျရင် ဆုံးရှုံးနစ်နာမှုကြီးမားကြောင်း၊ ဒါပေမယ့်လည်း လူတွေဟာလောဘနဲ့ရောင်းမှား၀ယ်မှားတွေဖြစ်နေကြတယ်၊ တော်တော်များများကတော့ အလိမ်ခံနေရတာပါ” ဟု ဝါရင့်အိမ်ခြံမြေအကျိုးဆောင်အထက်တန်းရှေ့နေတစ်ဦးက ပြောသည်။နိုင်ငံတော်မှတရားဝင်ခွင့်ပြုမိန့်မရမချင်း မည်သည့်လယ်ယာမြေကိုမှ စီမံပိုင်းခြားရောင်းဝယ်ဖောက်ကား ခွင့်မရှိကြောင်း၊ လယ်ယာမြေကိုအခြားနည်းအသုံးချသည်ဆိုရာဝယ်၊ တရားဝင်ခွင့်ပြုမိန့်ဖြင့် စက်ရုံအလုပ်ရုံ၊ ဆေးရုံနှင့်စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများအတွက်သာဖြစ်ကြောင်း လယ်ယာမြေစီမံခန့်ခွဲမှု ဥပဒေဖော်ပြချက်အရသိရသည်။ထိုဥပဒေအရ လယ်ယာမြေဆိုသည်မှာ လယ်ယာစိုက်ပျိုးရန်အတွက်သာ သတ်မှတ်ပေးထားသော မြေဖြစ်ကြောင်းလည်းသိရပြီး၊ ယခင်က လယ်ယာမြေကိုအခြားနည်းအသုံးပြုခွင့်လျှောက်ထားနိုင်သော်လည်း လက်ရှိတွင် လျှောက်ထားခွင့်အားယာယီရပ်ဆိုင်းထားကြောင်း ဥပဒေအသိုက်အဝန်းကဆိုသည်။မန္တလေးမြို့တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်မှ ယခု ၂၀၂၅ ခုနှစ် အောက်တိုဘာလအထိ၊ ဖယ်ရှားရှင်းလင်းခံခဲ့ရသည့်မြေနေရာ(၁၀)ခုထက်မနည်းရှိနေပြီး၊ ထိုအထဲတွင် လယ်ယာမြေကိုအကွက်ရိုက်ထားသော မြေနေရာငါးခု ပါဝင်ကြောင်းသိရသည်။



news-view-count-icon

47