သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ဟာ ဆန်စပါးကြိတ်ခွဲထုတ်လုပ်မှု အဆင့်မြင့်နည်းပညာသင်တန်းတိုးချဲ့ဖွင့်လှစ်သွားဖို့ ရှိတယ်လို့သိရပါတယ်။လက်ရှိမှာ ဆန်စပါးကြိတ်ခွဲထုတ်လုပ်မှု အဆင့်မြင့်နည်းပညာသင်တန်း Level-1, Level-2ကို စတင်ဖွင့်လှစ်ခဲ့နိုင်ပြီး ဆက်လက်ပြီးအဆင့်မြင့်တွေနဲ့ဖွင့်သွားဖို့ ရှိတယ်လို့ဆိုပါတယ်။သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုသည် မိမိတို့နိုင်ငံ စီးပွားရေးကဏ္ဍအတွက် Public-Private Partnership စံနမူကောင်း တစ်ခုဖြစ်ပါတယ်။ ယယအခုဖွင့်လှစ်တဲ့ Level-1, Level-2 သင်တန်းတွေအပြင် အဆင့်မြင့် သင်တန်းတွေ ဖွင့်လှစ်နိုင်ဖို့ အတွက်လည်း ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားမယ်ဖြစ်ပါတယ်"လို့
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန
အမြဲတမ်းအတွင်းဝန် က ပြောပါတယ်။သင်တန်းတွေ ဟာ နည်းပညာနဲ့ သက်မွေးပညာကဏ္ဍ၊ ပုဂ္ဂလိက စီးပွားရေးကဏ္ဍအတွက်ပါ အကျိုးကျေးဇူး များစွာရှိတယ်လို့သိရပါတယ်။ဆက်လက်ပြီး သင်တန်းတွေကတစ်ဆင့် ဖွံ့ဖြိုးတိုး တက်ဖို့အတွက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အနေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်ဖြစ်တယ်လို့သိရပါတယ်။ လက်ရှိစတင်ဖွင့်လှစ်ထားတဲ့ ဆန်စပါး ကြိတ်ခွဲထုတ်လုပ်မှု နည်းပညာသင်တန်းကို စာတွေ့-လက်တွေ့ သင်ကြားမှုပုံစံနဲ့ ဖွင့်လှစ်တာဖြစ်ပြီး ၊ သင်တန်းကာလမှာ (၄)လခန့် ကြာမြင့်မယ်လို့သိရပါတယ်။သင်တန်းပြီးဆုံးပါက ဆန်စက်များနှင့် ဆန်စပါးကုမ္ပဏီများတွင် အလုပ်အကိုင်ရရှိမည့် Employment Guaranteed Training ဖြစ်တယ်လို့လည်းသိရှိရပါတယ်။



