back

ကမြောင်ကင်းဂိတ်တွင် ငွေတောင်းခံမှုများခြင်းကြောင့် ထားဝယ်တက္ကသိုလ် နေ့သင်တန်း ဝင်ခွင့်လျှောက်သူ လျော့နည်းနေ

Nov 23 • 3:03 AM

breaking-news

မြန်မာ

တနင်္သာရီ

cover

ကမြောင်ကင်းဂိတ်တွင် ငွေတောင်းခံမှုများခြင်းကြောင့် ထားဝယ်တက္ကသိုလ် နေ့သင်တန်း ဝင်ခွင့်လျှောက်သူ လျော့နည်းနေ

တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်၊ ကမြောကင်းရွာတွင် တည်ရှိသည့် ထားဝယ်တက္ကသိုလ်တွင် နှစ်စဥ် နေ့သင်တန်းလျှောက်ထားသူ လျော့ကျနေကြောင်း ပညာရေးဝန်ကြီးဌာန၏ စာရင်းနှင်...

တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်၊ ကမြောကင်းရွာတွင် တည်ရှိသည့် ထားဝယ်တက္ကသိုလ်တွင် နှစ်စဥ် နေ့သင်တန်းလျှောက်ထားသူ လျော့ကျနေကြောင်း ပညာရေးဝန်ကြီးဌာန၏ စာရင်းနှင့်တက္ကသိုလ် ပညာရေးအသိုင်းအဝိုင်းထံမှသိရသည်။ယခု ၂၀၂၅ – ၂၆ ပညာသင်နှစ် အတွက် ထားဝယ်တက္ကသိုလ်တွင် ဘာသာရပ် ၁၆ ခု၌ နေ့သင်တန်း ဝင်ခွင့်ရသူ ဦးရေ တစ်ရာသာရှိပြီး၊ ဝင်ခွင့်ရကျောင်းသားဦးရေ ဆယ်ဦးပြည့်မီသည့် ဘာသာရပ်သုံးခုသာရှိကြောင်း ပညာရေးဝန်ကြီးဌာန၏ တက္ကသိုလ်ဝင်ခွင့်ရ စာရင်းတွင်ဖော်ပြထားသည်။ယင်းသို့ နေ့သင်တန်း ဝင်ခွင့်လျော့နည်းရသည်မှာ ကမြောကင်းတံတားဂိတ်ကို နေ့စဥ်ဖြတ်သန်းကာ ဂိတ်ကြေးပေးနေရခြင်းများ များပြားခြင်းကြောင့် ကျောင်းလာမတက်လိုကြခြင်းကြောင့် ဖြစ်ကြောင်း တက္ကသိုလ်ပညာရေး အသိုင်းအဝိုင်းက သုံးသပ်ထားပါသည် ။

news-view-count-icon

23