back

မိုင်းနောင်မြို့နယ်တွင် ကျားဖြန့်အများအပြားရောက်ရှိလာခြင်းကြောင့် ဒေသခံများ စျေးရောင်းကောင်းနေ

Nov 23 • 3:02 AM

breaking-news

မြန်မာ

ရှမ်း

cover

မိုင်းနောင်မြို့နယ်တွင် ကျားဖြန့်အများအပြားရောက်ရှိလာခြင်းကြောင့် ဒေသခံများ စျေးရောင်းကောင်းနေ

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းနောင်မြို့နယ်၊ မိုင်းလင်းရွာဖက်တွင် ကျားဖြန့်လုပ်ကိုင်သူများရှိနေပြီး ကြက်၊ဝက်များကိုဒေသခံများ စျေးတောင်းသလောက် ပေးဝယ်နေကြကြောင်း...

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းနောင်မြို့နယ်၊ မိုင်းလင်းရွာဖက်တွင် ကျားဖြန့်လုပ်ကိုင်သူများရှိနေပြီး ကြက်၊ဝက်များကိုဒေသခံများ စျေးတောင်းသလောက် ပေးဝယ်နေကြကြောင်းသိရသည်။"သူတို့က ပိုက်ဆံရှိတော့ ကြက်တစ်ကောင်(၅)သောင်းဆိုလည်း ဝယ်တာပဲ။ ဝက်ဆိုလည်း သေးသေးလေးကို (၅)သိန်းလောက်ပြောလည်းပေးတယ်။ မြန်မာစကား မတတ်သူများတယ်"ဟု ဒေသခံက ပြောသည်။ကျားဖြန့်လုပ်သူများရောက်ရှိနေသည့် ထိုဒေသတွင် ဒေသခံများသာ စျေးရောင်းခွင့်ရှိပြီး အခြားဒေသခံများ စျေးလာရောင်းခွင့်မရှိကြောင်း သိရသည်။"စျေးရောင်းတာကလည်း ဒေသခံကိုပဲခွင့်ပြုတယ်။ အပြင်လူစျေးလာရောင်းခွင့်မရှိဘူး။ ပွဲကာလအ တွင်းတော့ ရောင်းလို့ရတယ်"ဟု ဒေသခံက ရှင်းပြသည်။မိုင်းလင်းရွာဖက်တွင် ကျားဖြန့်ရောက်ရှိနေမှုကြောင့် အနီးရွာဖက်မှ သမီးမိန်းကလေးငယ်များ ပျက်စီးကုန်ကြမည်ကိုလည်း စိုးရိမ်ကြကြောင်း သိရသည်။

news-view-count-icon

56