ထိုင်းနိုင်ငံ Songkhla နဲ့ အနီးနား ခရိုင်တွေမှာ ရေကြီးမှု ဆိုးရွားနေတာကြောင့် ရထားလမ်းပိုင်းတချို့ သွားလာလို့ မရတော့တဲ့အတွက် တောင်ပိုင်း ရထားခရီးစဉ် ၁၀ ခုကို ရပ်ဆိုင်းလိုက်ကြောင်း ထိုင်း မီးရထားဌာန (SRT) က နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။Wat Khuan Meed နဲ့ Chana ဘူတာရုံတွေကြားက ရထားလမ်းတွေအပေါ်အထိ ရေတက်လာသလို တခြားနေရာတွေမှာလည်း ရေလွှမ်းနေတယ်လို့ ဌာနက ပြောကြားခဲ့ပါတယ်။ရထားပြေးဆွဲမှု အခြေအနေတွေကို အွန်လိုင်းကနေ (သို့မဟုတ်) ၂၄ နာရီ ဝန်ဆောင်မှုပေးတဲ့ hotline နံပါတ် 1690 ကနေတဆင့် အချိန်နဲ့တပြေးညီ စုံစမ်းမေးမြန်းနိုင်ပါတယ်။
Nov 23 • 2:10 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 40 | 0 | 0 | 0 |


