back

လော့စ်အိန်ဂျလိစ်မော်တော်ကားပြပွဲတွင် ကားမော်ဒယ်သစ် ရာနှင့်ချီ ဖွင့်လှစ်ပြသ

Nov 23 • 2:08 AM

breaking-news

မြန်မာ

ပြည်ပ

cover

လော့စ်အိန်ဂျလိစ်မော်တော်ကားပြပွဲတွင် ကားမော်ဒယ်သစ် ရာနှင့်ချီ ဖွင့်လှစ်ပြသ

၂၀၂၅ ခုနှစ် လော့စ်အိန်ဂျလိစ် မော်တော်ကားပြပွဲကို နိုဝင်ဘာ ၂၁ ရက်က ဖွင့်လှစ်ခဲ့ပြီး ကမ္ဘာ့ဦးဆောင်ကားထုတ်လုပ်သူများ၏ ကားသစ်များ၊ ကုန်တင်ကားများ၊ ဟိုက်ဘရစ်ကားများန...

၂၀၂၅ ခုနှစ် လော့စ်အိန်ဂျလိစ် မော်တော်ကားပြပွဲကို နိုဝင်ဘာ ၂၁ ရက်က ဖွင့်လှစ်ခဲ့ပြီး ကမ္ဘာ့ဦးဆောင်ကားထုတ်လုပ်သူများ၏ ကားသစ်များ၊ ကုန်တင်ကားများ၊ ဟိုက်ဘရစ်ကားများနှင့် လျှပ်စစ်ကားများ ရာနှင့်ချီ ပြသခဲ့ကြောင်း သိရသည်။မြောက်အမေရိက၏ ထိပ်တန်းကားပြပွဲတစ်ခုအဖြစ် အဆိုပါပြပွဲသည် လည်ပတ်သူများအတွက် ကားအမှတ်တံဆိပ်အသစ်များရှာဖွေရန်၊ ယာဥ်များ၏စွမ်းဆောင်ရည်များကို နှိုင်းယှဥ်ကြည့်နိုင်ရန်နှင့် အပြင်ဘက်နှင့် အတွင်းဘက်ရှိ စမ်းသပ်မောင်းနှင်နိုင်သည့်လမ်းကြောင်းများတွင် ကိုယ်တိုင်မောင်းနှင်ခြင်း လိုက်ပါစီးနင်းခြင်းအတွေ့အကြုံများရယူရန် အခွင့်အလမ်းများ ကမ်းလှမ်းထားကြောင်းသိရသည်။အဆိုပါပြပွဲကို နိုဝင်ဘာ ၃၀ ရက်အထိ လော့စ်အိန်ဂျလိစ်ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။

news-view-count-icon

40