မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့က စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ငွေကြေးအင်အား တောင့်တင်းတဲ့ ဒေသခံတွေကို ပြန်ပေးဆွဲပြီး ငွေတောင်းယူနေမှုတွေ အခုနောက်ပိုင်း ခပ်စိပ်စိပ် အဖြစ်များလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ပြန်ပေးဆွဲခံရသူတွေဟာ အသက်အန္တရာယ် ခြိမ်းခြောက်ခံရတာတွေလည်း ရှိနေတဲ့အတွက် သက်ဆိုင်ရာ နယ်မြေရဲစခန်းမှာ အမှုဖွင့် တိုင်ကြားတာမျိုးလည်း မပြုလုပ်ရဲကြသလို သက်ဆိုင်ရာ အဖွဲ့အစည်းတွေဘက်ကလည်း လက်ရှိအချိန်အထိ ထိရောက်တဲ့ ဖြေရှင်း ဆောင်ရွက်နိုင်မှုအပိုင်း အားနည်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
Nov 23 • 2:06 AM
မြန်မာ
မကွေး
မျှဝေမည်
| 31 | 0 | 0 | 0 |


