back

ထိုင်းအစိုးရက ဝင်ငွေနည်း လုပ်သားများအတွက် အခွန်လျှော့ချပေးဖို့ စဥ်းစားနေ

Nov 23 • 2:05 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းအစိုးရက ဝင်ငွေနည်း လုပ်သားများအတွက် အခွန်လျှော့ချပေးဖို့ စဥ်းစားနေ

ထိုင်း ဘဏ္ဍရေးဝန်ကြီး Ekniti ရဲ့ အဆိုအရ ထိုင်းအစိုရရဲ့ နှစ်လယ် အစီအစဥ်မှာ VAT တွေ တိုးကောက်တဲ့ ကိစ္စအပြင် နောက်ထပ်စဥ်းစားနေတာကတော့ ဝင်ငွေနည်းလုပ်သားတွေကို အခွန်...

ထိုင်း ဘဏ္ဍရေးဝန်ကြီး Ekniti ရဲ့ အဆိုအရ ထိုင်းအစိုရရဲ့ နှစ်လယ် အစီအစဥ်မှာ VAT တွေ တိုးကောက်တဲ့ ကိစ္စအပြင် နောက်ထပ်စဥ်းစားနေတာကတော့ ဝင်ငွေနည်းလုပ်သားတွေကို အခွန်အခ လျှော့ချပေးဖို့ပါ။ ထိိုင်းနိုင်ငံတွင်းမှာ နေထိုင်သူတွေအတွက် အားလုံး အဆင်ပြေစေဖို့ ရည်ရွယ်ထားတာဖြစ်ပြီး ပထမ ကနဦး စဥ်းစားထားတာကတော့- လစာနည်းလုပ်သားတွေအတွက် ထောက်ပံ့ကြေး တိုးမြှင့်ပေးသွားမှာဖြစ်ပြီး၊ ချမ်းသာသူတွေအတွက်တော့ ထောက်ပံ့ကြေးလျှော့သွားဖို့ရှိနေတာပါ။ဒီ အစီအစဥ်တွေကို အကောင်အထည်ဖော်ဖို့ စနစ်တကျ စဥ်းစားသွားမှာဖြစ်ပြီး နိုင်ငံတွင်း ပြဿနာတွေမတက်ချင်ဘူး၊ စီးပွားရေးကိုလည်း မထိခိုက်စေလို၊ ဒုက္ခမရောက်စေလိုဘူး လို့လည်း သူက ထပ်ဖြည့်ပြောပါတယ်။

news-view-count-icon

15