စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ နိုဝင်ဘာ ၂၂ ရက်၊ နံနက် ၁၀ နာရီအချိန်တွင် မဲရုံအမှတ် (၃) ပြုလုပ်မည့် မြို့မ (၂) ရပ်ကွက်၊ အမက (၃) ကျောင်း ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက မီးသတ်ဆေးဘူးများနှင့် ကြိုတင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေး ခဲ့ကြပြီးနောက် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက မီးငြိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြသ ခဲ့ရာ မဲရုံတွင် စောင့်ကြပ်မည့် ဆရာ/ဆရာမများက လက်တွေ့ မီးငြှိမ်းသတ်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊မော်လိုက်မြို့ရှိ မဲရုံကျောင်း၌ မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းနှင့် မီးငြိမ်းသတ်နည်း လက်တွေ့သရုပ်ပြသ
Nov 23 • 1:44 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 33 | 0 | 0 | 0 |


