back

ထိုင်းနိုင်ငံ ဆုန်ခလာခရိုင် ၇ ခုကို သဘာဝဘေးအန္တရာယ်ဇုန်အဖြစ် ကြေညာ၊ အိမ်ထောင်စု ၁၈,၀၀၀ နီးပါး ရေဘေးသင့်

Nov 23 • 1:42 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ ဆုန်ခလာခရိုင် ၇ ခုကို သဘာဝဘေးအန္တရာယ်ဇုန်အဖြစ် ကြေညာ၊ အိမ်ထောင်စု ၁၈,၀၀၀ နီးပါး ရေဘေးသင့်

ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာခရိုင် တွင် နိုဝင်ဘာ ၁၉ ရက်နေ့ကတည်းက မုတ်သုံလေပြင်းတိုက်ခတ်၍ ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ခရိုင် ၇ ခုကို သဘာဝဘေးအန္တ...

ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာခရိုင် တွင် နိုဝင်ဘာ ၁၉ ရက်နေ့ကတည်းက မုတ်သုံလေပြင်းတိုက်ခတ်၍ ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ခရိုင် ၇ ခုကို သဘာဝဘေးအန္တရာယ်ဇုန်အဖြစ် သတ်မှတ် ကြေညာခဲ့ရသည်။ နိုဝင်ဘာ ၂၁ ရက်နေ့ စာရင်းအရ အိမ်ထောင်စုပေါင်း ၁၇,၈၈၆ စု (လူဦးရေ ၄၅,၀၀၀ နီးပါး) ရေဘေးသင့်ခဲ့ပြီး၊ နေအိမ်တစ်လုံးပျက်စီးကာ လမ်း ၆ ခုနှင့် ဆေးရုံငယ်တစ်ခု ရေလွှမ်းမိုးခံခဲ့ရသည်။ ဆုန်ခလာအုပ်ချုပ်ရေးမှူး Ratthasart Chidchoo က ရေမြန်မြန်ကျစေရန် ရေစုပ်စက်များ ထပ်မံတပ်ဆင်ခြင်း၊ သတိပေးဆိုင်းဘုတ်များ တပ်ဆင်ခြင်းနှင့် ရှောင်ကွင်းလမ်းများ အသုံးပြုစေရန် ညွှန်ကြားခြင်းများ ပြုလုပ်ခဲ့သည်။ လက်ရှိတွင် မြစ်ချောင်းများ စိုးရိမ်ရေမှတ်၌ ရှိနေဆဲဖြစ်ပြီး၊ တာဝန်ရှိသူများက နိုဝင်ဘာ ၂၄ ရက်တွင် မုတ်သုံလေမုန်တိုင်း ရွေ့လျားသွားမည်ဟု ခန့်မှန်းထားသော်လည်း အခြေအနေကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်လျက်ရှိသည်။

news-view-count-icon

33