back

တရုတ်-မြန်မာနယ်စပ် တရုတ်ဘက် Arrival Card ကို QR Code စနစ် ပြန်လည်ကျင့်သုံး

Nov 22 • 4:39 PM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်-မြန်မာနယ်စပ် တရုတ်ဘက် Arrival Card ကို QR Code စနစ် ပြန်လည်ကျင့်သုံး

တရုတ်-မြန်မာနယ်စပ် တရုတ်ဘက် Arrival Card ကို နိုဝင်ဘာ ၂၁ ရက်နေ့ကစ QR Code စနစ် ပြန်လည်စတင်ကျင့်သုံးဖို့ တရုတ်နယ်စပ် လူဝင်မှုကြည့်ကြပ်ရေး တာဝန်ရှိသူတွေက အသိပေး ပ...

တရုတ်-မြန်မာနယ်စပ် တရုတ်ဘက် Arrival Card ကို နိုဝင်ဘာ ၂၁ ရက်နေ့ကစ QR Code စနစ် ပြန်လည်စတင်ကျင့်သုံးဖို့ တရုတ်နယ်စပ် လူဝင်မှုကြည့်ကြပ်ရေး တာဝန်ရှိသူတွေက အသိပေး ပြောကြားထားပါတယ်။ တရုတ်နိုင်ငံထဲ ဝင်ရောက်လာသူ နိုင်ငံခြားသားတွေအနေနဲ့ ဝင်ရောက်ခွင့်ကတ်ပြား (Arrival Card) ကို စာရွက်နဲ့ မဖြည့်သွင်းရတော့ဘဲ မိမိဖုန်းနဲ့ QR Code ကို Scan ဖတ်ပြီး အွန်လိုင်း ကနေ အချက်အလက် ဖြည့်သွင်းရမယ်လို့ အသိပေးထားပါတယ်။ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက် ကစ နိုင်ငံခြားသား တွေအနေနဲ့ တရုတ်နိုင်ငံကို မရောက်ရှိမီ NIA (National Immigration Administration) ရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှတဆင့် ဝင်ရောက်ခွင့်ဆိုင်ရာ အချက် အလက်‌တွေကို အွန်လိုင်းမှ ကြိုတင် ဖြည့်သွင်းနိုင်ကြောင်းလည်း အသိပေးထားပါသည်။



news-view-count-icon

2