ကမ္ဘောဒီးယားကျားဖြန့်လုပ်ငန်းတခု၏အဖွဲ့ဝင်တဦးဖြစ်သည်ဟု သံသယရှိသူ စင်ကာပူအမျိုးသား တစ်ဦးသည် ထိုင်းနိုင်ငံသို့ ထွက်ပြေးသွားခဲ့ပြီး အရှေ့မြောက်ပိုင်းKhon Kaen ပြည်နယ်အတွင်းရှိ ၎င်း၏ ဇနီး ဖြစ်သူ နေအိမ်တွင်ပုန်းအောင်းနေခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့ကထုတ်ပြန်ခဲ့ကြောင်း Asiaone သတင်းတွင် ဖော်ပြခဲ့သည်။ အသက် ၃၂ နှစ်အရွယ်Brian Sie Eng အား စင်ကာပူရဲတပ်ဖွဲ့၏ပန်ကြားချက်အရ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည် ဟု ထိုင်းရဲတပ်ဖွဲ့ ဗဟိုစုံစမ်းရေးဗျူရို(CIB)က နိုဝင်ဘာ ၁၉ ရက် ဗုဒ္ဓဟူးနေ့ ကFacebook တွင် ရေးသားခဲ့သည်။ သူသည် လစဉ် အမေရိကန်ဒေါ်လာ ၄၀၀၀ လောက်ဝင်သည့် ကျားဖြန့်လုပ်ငန်းစုလေးတစ်စုအတွက် ဘဏ္ဍာရေးကြီးကြပ်သူတစ်ဦး အဖြစ် လုပ်ဆောင်နေသည်ဟု Sieက ဝန်ခံကြောင်း ဒေသတွင်းသတင်းဌာနများကိုပြောကြားသည်။



