back

တရုတ်နိုင်ငံက ဆက်သွယ်ရေးနည်းပညာ စမ်းသပ်ဂြိုဟ်တုအသစ်တစ်စင်းလွှတ်တင်

Nov 22 • 4:36 PM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံက ဆက်သွယ်ရေးနည်းပညာ စမ်းသပ်ဂြိုဟ်တုအသစ်တစ်စင်းလွှတ်တင်

တရုတ်နိုင်ငံသည် ဆက်သွယ်ရေးနည်းပညာ စမ်းသပ်ဂြိုဟ်တုအသစ်တစ်စင်းကို နိုင်ငံအနောက်တောင်ပိုင်းရှိ ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အာကာသထဲသို့ နိုဝင်ဘာ ၂၁ ရက်က ပစ...

တရုတ်နိုင်ငံသည် ဆက်သွယ်ရေးနည်းပညာ စမ်းသပ်ဂြိုဟ်တုအသစ်တစ်စင်းကို နိုင်ငံအနောက်တောင်ပိုင်းရှိ ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အာကာသထဲသို့ နိုဝင်ဘာ ၂၁ ရက်က ပစ်လွှတ်ခဲ့သည်။ Shiyan-21 ဂြိုဟ်တုကို ပေကျင်းစံတော်ချိန် ညနေ ၆း၅၅ နာရီတွင် Long March-3B သယ်ဆောင်ရေးဒုံးပျံဖြင့် လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး သတ်မှတ်ဂြိုဟ်ပတ်လမ်းအတွင်းသို့ အောင်မြင်စွာရောက်ရှိခဲ့ကြောင်း သိရသည်။ အဆိုပါဂြိုဟ်တုကို အဓိကအားဖြင့် ဂြိုဟ်တုဆက်သွယ်ရေး၊ ရေဒီယိုနှင့် တယ်လီဗေးရှင်း၊ အချက်အလက်ပေးပို့ခြင်းနှင့် အခြားဝန်ဆောင်မှုများအတွက် အသုံးပြုမည်ဖြစ်ပြီး ဆက်စပ်သည့် နည်းပညာစမ်းသပ် လုပ်ဆောင်ခြင်းများနှင့်စိစစ်အတည်ပြုခြင်းလုပ်ငန်းများလည်း လုပ်ဆောင်မည်ဖြစ်ကြောင်းသိရသည်။ 




news-view-count-icon

2