စီးပွားရေးလုပ်ဆောင်ချက်အဓိကညွှန်းကိန်းတစ်ခုဖြစ်သည့် တရုတ်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် ယခင်လက ဂဏန်းနှစ်လုံးတိုးတက်လာကြောင်း နိုဝင်ဘာ ၂၁ ရက်က ထုတ်ပြန်သည့် တရားဝင် အချက်အလက်များက ဖော်ပြခဲ့သည်။ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် အောက်တိုဘာလတွင် ယမန်နှစ်အလားတူကာလထက် ၁၀.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ကီလိုဝပ်နာရီ ၈၅၇.၂ ဘီလီယံ ရှိခဲ့ကြောင်း အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုအဖွဲ့ အဆိုအရ သိရသည်။



