back

ပျဉ်းမနားမြို့နယ်၌ ငလိုက်ချောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့သည့် ကုန်ကားသမားကို အမှုဖွင့်အရေးယူ

Nov 22 • 2:51 PM

breaking-news

မြန်မာ

နေပြည်တော်

cover

ပျဉ်းမနားမြို့နယ်၌ ငလိုက်ချောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့သည့် ကုန်ကားသမားကို အမှုဖွင့်အရေးယူ

နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်တွင် ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းကျေးရွာ၊ ရန်ကုန်-မန္တလေးမြို့ရှောင်လမ်း၊ မိုင်တိုင်အမှတ် ၂၂၁ မိုင် ၂ ဖာလုံနှင့် ...

နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်တွင် ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းကျေးရွာ၊ ရန်ကုန်-မန္တလေးမြို့ရှောင်လမ်း၊ မိုင်တိုင်အမှတ် ၂၂၁ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံကြား ဘောဂသီရိကားကွင်းအနီး တံတားဖြူတံတားပေါ်မှ တွဲယာဉ် ၁ စီး ထိုးကျတိမ်းမှောက် နေကြောင်း သတင်းအရ အမှတ်(၁)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ယင်းသို့စစ်ဆေးရာ ရန်ကုန်-မန္တလေးမြို့ရှောင်လမ်းအတိုင်း သကြားစက်မီးပွိုင့်ဘက်မှ ဘောဂသီရိမီးပွိုင့်ဘက်သို့ ပြည်ကြီးတံခွန်မြို့နယ်၊ ရဲဘော်ကွက်သစ်နေ ဆန်းဝင်း(၄၄)နှစ်သည် 4E/xxxx JAC ၁၀ ဘီးခေါင်းတွဲ TLR/xxxx နောက်တွဲဖြင့် ယာဉ်အားမောင်းနှင်လာစဉ် အခင်းဖြစ်နေရာ တံတားဖြူတံတားပေါ်အရောက်၌ အရှိန်မထိန်းနိုင်ဘဲ တံတား၏ယာဘက် လက်ရမ်းများအား ဝင်တိုက်ကာ ငလိုက်ချောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့သောကြောင့် ဆန်းဝင်းအား ပျဉ်းမနားမြို့မရဲစခန်း ယာဉ်(ပ)၈/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ 



news-view-count-icon

40