back

စားသောက်ကုန်ဝယ်ခွင့် ကန့်သတ်နေသဖြင့် ဆီဆိုင်ဒေသခံများ အခက်တွေ့

Nov 22 • 2:50 PM

breaking-news

မြန်မာ

ရှမ်း

cover

စားသောက်ကုန်ဝယ်ခွင့် ကန့်သတ်နေသဖြင့် ဆီဆိုင်ဒေသခံများ အခက်တွေ့

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့၌ စားသောက်ကုန်များကို ပြည်သူများ လိုသလောက် ဝယ်ယူခွင့်မရဘဲ အိမ်ထောင်စုဦးရေဖြင့် ပစ္စည်းအရေအတွက်ကို စိစစ်ပြီးမှသာ စစ် ဝယ်ခွင့်ပြ...

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့၌ စားသောက်ကုန်များကို ပြည်သူများ လိုသလောက် ဝယ်ယူခွင့်မရဘဲ အိမ်ထောင်စုဦးရေဖြင့် ပစ္စည်းအရေအတွက်ကို စိစစ်ပြီးမှသာ စစ် ဝယ်ခွင့်ပြုထားကြောင်း ဒေသခံများထံမှ သိရသည်။ဇွန်လကတည်းက စတင်ကန့်သတ်ခြင်း ဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ ပြည်သူများ အခက်ခဲဖြစ်လာပြီး အာဟာရ ချို့တဲ့သည်အထိ ဖြစ်ပွားနေကြောင်း ၎င်းတို့ထံမှ သိရသည်။ယင်းအပြင် အသီးအရွက်များ၊ ကုန်ခြောက်များကိုလည်း မြို့အဝင်အထွက် ဂိတ်များတွင် စစ်ဆေးပြီး ၎င်းတို့ ကန့်သတ်ထားသည့် ကုန်များ ပါပါက ဂိတ်တွင် ပစ္စည်းသိမ်း၊ လူဖမ်း ပြုလုပ်ကြောင်း၊ ကျေးရွာဖက်တွင် နေထိုင်သည့် ဒေသခံများမှာ နေ့စဉ်နေ့တိုင်း ဈေးမလာနိုင်သည့်အတွက် ပိုမိုခက်ခဲကြောင်း ဒေသခံများက ပြောသည်။ထို့ပြင် ဆီဆိုင်မြို့ဝင်ဂိတ်တွင် စိုက်ပျိုးရေးအတွက် ဝယ်လာသော မြေဩဇာအိတ်များကို ဂိတ်များတွင် ဖောက်စစ်ခြင်း၊ ခရီးသွားများကို အချိန်ကြာစစ်ဆေးခြင်းလည်း ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။




news-view-count-icon

24