back

ဘရာဇီးစီအိုပီ-၃၀ ညီလာခံကျင်းပစဉ် ညီလာခံခန်းမဆောင် မီးလောင်ကျွမ်းမှုဖြစ်ပွား

Nov 22 • 7:35 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဘရာဇီးစီအိုပီ-၃၀ ညီလာခံကျင်းပစဉ် ညီလာခံခန်းမဆောင် မီးလောင်ကျွမ်းမှုဖြစ်ပွား

ဘရာဇီးနိုင်ငံ အမေဇုန်မိုးသစ်တောဒေသ ဘီလမ်းမြို့၌ နိုဝင်ဘာ၂၀ရက်တွင် စီအိုပီ-၃၀ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှု ထိပ်သီးညီလာခံဆွေးနွေးပွဲများ ကျင်းပနေစဉ် ဆွေးနွေးပွဲ ခ...

ဘရာဇီးနိုင်ငံ အမေဇုန်မိုးသစ်တောဒေသ ဘီလမ်းမြို့၌ နိုဝင်ဘာ၂၀ရက်တွင် စီအိုပီ-၃၀ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှု ထိပ်သီးညီလာခံဆွေးနွေးပွဲများ ကျင်းပနေစဉ် ဆွေးနွေးပွဲ ခန်းမဆောင်၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။အဆိုပါ မီးလောင်ကျွမ်းမှုသည် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး နိုင်ငံတကာကြိုးပမ်းအားထုတ်မှုများ ပိုမိုခိုင်မာလာစေရန် ထိန်းကျောင်းပေးမည့် သဘောတူညီချက်တစ်ရပ်ရယူနိုင်ရန် နိုင်ငံတကာ ကိုယ်စားလှယ်များ အကြိတ်အနယ်ဆွေးနွေးနေစဉ်ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။မီးလောင်ကျွမ်းမှုဖြစ်ပွားနေချိန်တွင် ဘရာဇီးမီးသတ်တပ်ဖွဲ့ဝင်များနှင့်ရှာဖွေကယ်ဆယ်ရေးသမားများက ညီ လာခံတွင် ပါဝင်ဆွေးနွေးနေသော နိုင်ငံတကာကိုယ်စားလှယ်များအား ဘေးလွှတ်ရာသို့ အရေးတကြီးခေါ်ထုတ်ပေးခဲ့ရသည်။အရေအတွက်အားဖြင့် ထောင်နှင့်ချီရှိသော ကိုယ်စားလှယ်များကိုခေါ်ထုတ်ရာတွင် ဘရာဇီးလုံခြုံရေး တပ်ဖွဲ့ဝင်များက မီးလောင်မှုဖြစ်ပွားနေသော ညီလာခံခန်းမဆောင် မိန်းလမ်းမတစ်လျှောက် လူတံတိုင်းဖွဲ့၍အကာအကွယ်ပေးခဲ့ရသည်။ဘီလမ်းမြို့၌ ကျင်းပနေသည့်စီအိုပီ-၃၀ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ထိပ်သီး ညီလာခံတွင် ကမ္ဘာ့နိုင်ငံပေါင်း ၂,၀၀ ခန့်မှကိုယ်စားလှယ်များ တက်ရောက်လျက်ရှိသည်။အဆိုပါ နိုင်ငံတကာကိုယ်စားလှယ်များသည် ရာသီဥတုပြောင်းလဲမှု ပြဿနာအတွက် ဘဏ္ဍာရေးသုံးစွဲမှု မြှင့်တင်ရေးအပါအဝင် လုပ်ငန်းစဉ်များအတွက် ကမ္ဘာ့နိုင်ငံများအကြားသဘောတူညီချက်တစ်ရပ် ရယူနိုင်ရန်ကြိုးပမ်းလျက်ရှိသည်။

news-view-count-icon

38