back

ဘန်ကောက်ရမန်ထောင်အတွင်း တရုတ်ရာဇဝတ်ဂိုဏ်းသားများက မော်ဒယ် ၂ ဦး ခေါ်ယူ လိင်ဆက်ဆံမှု စစ်ဆေးတွေ့ရှိ၊ ထောင်မှူးနှင့် ဝန်ထမ်း ၁၄ ဦး ဖမ်းဆီးစစ်ဆေးခံရ

Nov 22 • 7:24 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ဘန်ကောက်ရမန်ထောင်အတွင်း တရုတ်ရာဇဝတ်ဂိုဏ်းသားများက မော်ဒယ် ၂ ဦး ခေါ်ယူ လိင်ဆက်ဆံမှု စစ်ဆေးတွေ့ရှိ၊ ထောင်မှူးနှင့် ဝန်ထမ်း ၁၄ ဦး ဖမ်းဆီးစစ်ဆေးခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ နာမည်ကြီး ရမန်ထောင်အတွင်း ပြစ်ဒဏ်ကျခံနေသော တရုတ်ရာဇဝတ်ဂိုဏ်းသားများ သည် ထောင်တွင်း၌ ဇိမ်ခံပစ္စည်းများ၊ လေအေးပေးစက်နှင့် တီဗီများ အသုံ...

ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ နာမည်ကြီး ရမန်ထောင်အတွင်း ပြစ်ဒဏ်ကျခံနေသော တရုတ်ရာဇဝတ်ဂိုဏ်းသားများ သည် ထောင်တွင်း၌ ဇိမ်ခံပစ္စည်းများ၊ လေအေးပေးစက်နှင့် တီဗီများ အသုံးပြုနေပြီး၊ ပို၍ဆိုးရွားစွာဖြင့် တရုတ်မော်ဒယ်အမျိုးသမီး ၂ ဦးကို လိင်ကိစ္စအတွက် ထောင်တွင်းအထိ ခေါ်ယူခွင့်ပြုခဲ့သည် ကို စစ်ဆေးတွေ့ရှိခဲ့ရသည်။ ဤရှက်ဖွယ်ကောင်းသော အကျင့်ပျက်ခြစားမှုနှင့်ပတ်သက်၍ ထိုင်းဝန်ကြီးချုပ်၏ အမိန့်ဖြင့် တရားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၁ ရက်နေ့တွင် ထောင်အတွင်း စီးနင်းစစ်ဆေးခဲ့ရာ၊ ထောင်စောင့်များနေထိုင်ရာ အခန်းအောက်ရှိ မြေအောက်အခန်းမှ မော်ဒယ် ၂ ဦးကို ပက်ပင်းဖမ်းဆီးရမိခဲ့သည်။ ယခုဖြစ်စဉ်ကြောင့် ထောင်မှူး မာနော့ ချွမ်ချန်း အပါအဝင် ထောင်တာဝန်ရှိသူ ၁၄ ဦး ကို ဖမ်းဆီးထိန်းသိမ်း၍ စစ်ဆေးမှုများ ပြုလုပ်နေပြီး၊ တရားရေးဝန်ကြီးဌာန ဒုတိယရဲမှူးချုပ် ရတ်သာပေါင်နာအိုဝါရတ်က ယင်းဖြစ်ရပ်သည် နိုင်ငံ၏ တရားရေးစနစ်အတွက် အဆိုးရွားဆုံး အရှက်ကွဲခြင်းဖြစ်ကြောင်း ပြင်းထန်စွာ ဝေဖန်ပြောကြားခဲ့သည်။

news-view-count-icon

31