စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) ထုတ်ကုန်ပစ္စည်းများ ဈေးရောင်းပွဲတော် ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိ ၅ ရက်ကြာ မုံရွာမြို့၊ ပြည်သူ့ဥယျာဉ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်သည်။ အဆိုပါပွဲတော်တွင် စားသောက်ကုန်၊ လူသုံးကုန်နှင့် ဒေသထွက်ကုန်ပစ္စည်းများ ရောင်းချမည့် ဆိုင်ခန်း ၅၆ ခန်းနှင့် စားသောက်ဆိုင် ၄၀ ခန်း (စုစုပေါင်း ၉၆ ခန်း) ပါဝင်မည်ဖြစ်သည်။ ဈေးရောင်းပွဲတော်သို့ လာရောက်သူများအတွက် နာမည်ကျော် သရုပ်ဆောင်နှင့် အဆိုတော်များ (နန်းခင်ဇေယျာ၊ ပြုံးအသင်္ချေ၊ ငွေသဇင်၊ လမင်းကဗျာ စသည်) ပါဝင်သည့် စင်မြင့်ဖျော်ဖြေပွဲများကို နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ ၄ ရက်တိုင်တိုင် တင်ဆက်မည်ဖြစ်ပြီး၊ ကလေးများအတွက်လည်း ပျော်ရွှင်ဖွယ်ရာ ကစားနည်းများနှင့် ချားရဟတ်များ ထည့်သွင်းစီစဉ်ထားကြောင်း သိရသည်။


Nov 22 • 1:21 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 37 | 0 | 0 | 0 |


