စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့ရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် အပတ်စဉ် သောကြာနေ့တိုင်း ဆောင်ရွက်ပေးနေသော သက်ကြီးဘိုးဘွားများ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသရေးလုပ်ငန်းကို နိုဝင်ဘာ ၂၁ ရက် နံနက် ၈ နာရီမှ ၁၂ နာရီအထိ ဆောင်ရွက်ပေးခဲ့သည်။ဤအစီအစဉ်တွင် သက်ကြီးရွယ်အိုများအား ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ မကူးစက်နိုင်သော ရောဂါများ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းတို့အပြင် နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို စသည့် ရောဂါအခံရှိသူများကိုပါ အခမဲ့ စောင့်ရှောက်ကုသ ပေးခဲ့သည်။ ဟုမ္မလင်းမြို့ ခုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ နေဝင်းထွန်း ဦးဆောင်သည့် တာဝန်ကျဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက သက်ကြီးဘိုးဘွား ၉၅ ဦး အား အခမဲ့ စောင့်ရှောက်ကုသပေးခဲ့ကြောင်း သိရသည်။

Nov 22 • 1:20 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 24 | 0 | 0 | 0 |


