ထိုင်း-ကမ္ဘောဒီးယားနယ်စပ် တရတ်ခရိုင်ရှိ ပင်လယ်ပြင်ထဲမှာ နိုဝင်ဘာ ၂၀ ရက်က ကမ္ဘာလှည့်ခရီးသည်တွေ တင်ဆောင်လာတဲ့ သင်္ဘောတစီး ပျက်စီးနစ်မြုပ်ပြီး ခရီးသည် အယောက် ၁၀၀ နီးပါးကို ထိုင်းတော်ဝင်ရေတပ်က ကယ်တင်နိုင်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ မနေ့က မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်အချိန် တရတ်မြို့နယ် ကော်ကွတ်ကျွန်းစုအနီးမှာ ဆေဒမ်ဂိုးလ် အမည်ရှိ ခရီးသည်တင် ကူးတို့သင်္ဘောတစီး ပျက်စီးနစ်မြှုပ်လုနီးပါး ဖြစ်နေကြောင်း အကြောင်းကြားချက်ရတာကြောင့် သွားရောက်ကူညီခဲ့ပါသည်။ ခရီးသည် ၉၂ ယောက်၊ ဝန်ထမ်း ၅ ယောက်၊ စုစုပေါင်း လူ ၉၇ ယောက်ပါတဲ့ အဆိုပါသင်္ဘောဟာ သင်္ဘောဝမ်းဗိုက် ကွဲအက်သွားပြီး အဲဒီနောက် ရေတွေ တဖြည်းဖြည်း ဝင်ရောက်လာပြီး သင်္ဘောဟာလည်း ရေထဲ တဖြည်းဖြည်း နစ်နေလာကာ ခရီးသည်တွေအားလုံး ထိတ်လန့်နေပြီး တချို့က ငိုကြွေးကာ တချို့က မူးမေ့တယ်လို့ သင်္ဘောဝန်ထမ်းတယောက်က တာဝန်ရှိသူတွေကို ပြောပါသည်။



