ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ တရုတ်နိုင်ငံသားတွေကို တရားမဝင် ထိုင်း နိုင်ငံသားမှတ်ပုံတင်ကဒ်တွေ ထုတ်ပေးခဲ့တဲ့ ဒေသဆိုင်ရာ အစိုးရအရာရှိတွေနဲ့ အရပ်သား ၂၈ ဦးကို ဖ-မ်းဝရမ်းထုတ်ခဲ့ပြီး အဲဒီထဲက ၁၂ ဦးကို ဖ-မ်းဆီးရမိခဲ့ပါတယ်။ ဖ-မ်းဆီးခံရသူတွေထဲမှာ Wiang Haeng မြို့နယ် အုပ်ချုပ်ရေးမှူး Kwanchai Mueangjamnong လည်း ပါဝင်ပြီး သူကိုယ်တိုင် ပါဝင်ပတ်သက်ကြောင်း ဝန်ခံထားပါတယ်။ Wiang Haeng နဲ့ Chai Prakarn မြို့နယ်တွေမှာ တရားမဝင် မှတ်ပုံတင်ကဒ် အနည်းဆုံး ၂၀,၀၀၀ လောက် ထုတ်ပေးခဲ့တယ်လို့ စစ်ဆေးတွေ့ရှိရပြီး ကဒ်တစ်ကဒ်ကို ဘတ် ၈ သိန်းကနေ ၁ သန်းအထိ ပေါက်ဈေးရှိပါတယ်။ ဒီကဒ်တွေကို အဓိက ဝယ်ယူကြတာကတော့ ထိုင်း နိုင်ငံထဲမှာ တရားမဝင် စီးပွားရေးလုပ်မယ့် တရုတ်နိုင်ငံသားတွေဖြစ်ပြီး ငွေဖြူငွေမည်း လဲလှယ်တာတွေနဲ့ တခြား တရားမဝင် လုပ်ငန်းတွေအတွက် သုံးကြတာ ဖြစ်ပါတယ်။ Mule ဘဏ်အကောင့်တွေ ဖွင့်ဖို့လည်း သုံးကြပါသည်။



