မွန်ပြည်နယ် ရေးမြို့ ရန်မျိုးအောင်ရပ်ကွက်တွင်နိုဝင်ဘာလ (၁၇)ရက် မွန်းလွဲ (၃)နာရီကျော် အချိန်က ရန်မျိုးအောင်ရပ်ကွက်မှာ နေထိုင်တဲ့ အသက် (၄၂)နှစ်အရွယ် ဒေါ်ခင်စန်းရီမှာ နေအိမ်တွင်ရှိနေစဉ် ဖလံချောင်းဝကျေးရွာမှာ နေထိုင်တဲ့ တူဖြစ်သူ အသက် (၃၀)အရွယ် မောင်ဖြူက ရောက်ရှိလာပြီး အမွေကိစ္စပြောဆို ခဲ့ကြတယ်လို့ သိရပါတယ်။အမွေကိစ္စနဲ့ စကားများရန်ဖြစ်ခဲ့ကြပြီး မောင်ဖြူက သေနတ်အတိုနဲ့ ပစ်ခတ် ထွက်ပြေးသွားတဲ့ အတွက်ကြောင့် ဒေါ်ခင်စန်းရီမှာ ဦးခေါင်းနောက်စေ့မှာ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကာ နေရာမှာပဲ သေဆုံးသွားပါတယ်။ လူသတ်မှုကျူးလွန်ခဲ့သူ တရားခံ မောင်ဖြူ ကတော့ထွက်ပြေးလွတ်မြောက်နေပြီး ဖမ်းဆီးရ မိနိုင်ရေးအတွက် ရေးမြို့မရဲစခန်း (ပ)၉၃/၂၀၂၅ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေး နေတယ်လို့ သိရပါတယ်။



