back

ပဲခူးတိုင်းပန်းတောင်းမြို့နယ် ကိုင်းကြီးရွာမှာ မီးသွေးဖိုပေါက်လို့ အမျိုးသားတစ်ဦးသေဆုံး

Nov 21 • 4:13 PM

breaking-news

မြန်မာ

ပဲခူး

cover

ပဲခူးတိုင်းပန်းတောင်းမြို့နယ် ကိုင်းကြီးရွာမှာ မီးသွေးဖိုပေါက်လို့ အမျိုးသားတစ်ဦးသေဆုံး

နိုဝင်ဘာလ ၂၀ ရက်နေ့ မနေ့က ညနေ ၄ နာရီခန့်မှာ ပန်းတောင်းမြို့နယ် ကိုင်းကြီးကျေးရွာအုပ်စု၊ ကိုင်းကြီးကျေးရွာ အနောက်မြောက်ဘက်တောထဲမှာ မီးသွေးဖုတ်ရာက ရုတ်တရက်မီးသွေး...

နိုဝင်ဘာလ ၂၀ ရက်နေ့ မနေ့က ညနေ ၄ နာရီခန့်မှာ ပန်းတောင်းမြို့နယ် ကိုင်းကြီးကျေးရွာအုပ်စု၊ ကိုင်းကြီးကျေးရွာ အနောက်မြောက်ဘက်တောထဲမှာ မီးသွေးဖုတ်ရာက ရုတ်တရက်မီးသွေးဖိုပေါက်ကွဲကာ အမျိုးသားတစ်ဦးသေဆုံးခဲ့တာလို့ သိရပါတယ်။သေဆုံးသူမှာ ဦးမြင့်ဌေး အသက် ၄၈ နှစ် ကိုင်းကြီးကျေးရွာနေသူလို့သိရပြီး မီးသွေးဖိုအနီး ဦးခေါင်းဘယ်ဘက်နဖူးထိပ်မှာ ပေါက်ပြဲဒဏ်ရာ၊ ဦးခေါင်းဂျိုဇောင်းမှာ ပေါက်ပြဲဒဏ်ရာနဲ့ လက်နှစ်ချောင်းမှာလည်း မီးလောင်ဒဏ်ရာတွေ ရရှိထားတယ်လို့ သိရပါတယ်။




news-view-count-icon

21