စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရးဦးစီးဌာနအနေဖြင့် လူငယ်များအသိပညာဗဟုသုတမြင့်မားပြီး ဗလငါးတန်နှင့်ဖွံ့ဖြိုးသည့် လူငယ် များဖြစ်လာ စေရန်နှင့် အားလပ်သည့်အချိန်များတွင် အချိန်ကိုအကျိုးရှိစွာအသုံး ချ၍ စာဖတ်သည့်အလေ့အကျင့် ကောင်းများ ရရှိစေရန်ရည်ရွယ်၍ နယ်လှည့်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က အောင်သာရပ် အ.မ.ကကျောင်းတွင် ပြုလုပ်ခဲ့သည်။ထို့နောက် ခင်းကျင်းပြသထားသည့် စာအုပ်စာ စောင်များအား ကျောင်းသားကျောင်းသူ လေးများကစိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်းသိရသည်။



