back

လာအိုနိုင်ငံ၊ ကောင်းစည်ရေတံခွန်တွင် လာရောက်လည်ပတ်သူများနှင့်စည်ကားနေ

Nov 21 • 2:41 AM

breaking-news

လာအို

ပြည်တွင်းသတင်း

cover

လာအိုနိုင်ငံ၊ ကောင်းစည်ရေတံခွန်တွင် လာရောက်လည်ပတ်သူများနှင့်စည်ကားနေ

လာအို၊ လန်ဖရာဗန်၏ အထင်ကရများထဲမှ ကောင်းစည် ရေတံခွန်သည် လာအိုနိုင်ငံ၏ အကျော်ကြားဆုံး သဘာဝနေရာများထဲမှ တစ်ခုဖြစ်သည်။ နို့စိမ်းရောင် ရေများက ကျောက်အလွှာအထပ်စုံ၊ အက...

လာအို၊ လန်ဖရာဗန်၏ အထင်ကရများထဲမှ ကောင်းစည် ရေတံခွန်သည် လာအိုနိုင်ငံ၏ အကျော်ကြားဆုံး သဘာဝနေရာများထဲမှ တစ်ခုဖြစ်သည်။ နို့စိမ်းရောင် ရေများက ကျောက်အလွှာအထပ်စုံ၊ အကွေ့အကောက်စုံပေါ်ကနေတလိမ့်လိမ့်ကျနေသည်မှာ ဂီတသံ ကော အေးမြသည့်စွမ်းအင် ကော ခံစားရစေသည်။ ကောင်းစံဆိုသည်မှာ ဒေသအဓိပ္ပါယ်အရ ရွှေသမင် ရေတံခွန် ဟုဆိုကြသည်။ ဒဏ္ဍာရီတွေလည်း ရှိနေနိုင်သည်။ ဒေသထွက် အစားအစာများကလည်း အာရှသားတွေအတွက် ယဥ်ပါးလွယ်သည်။ ရေတံခွန်ရှိရာ တောင်ပေါ်သို့ လျှပ်စစ်ဘာဂီကားလေးများဖြင့် ပို့ပေးသည်။ တောင်တက်ရာ လမ်းတလျောက် အိမ်လေးများလည်း ငှားရန်ရှိသည်ဟု ချိတ်ဆွဲထားကြသည်မှာ ကျိုက်ထီးရိုးရှိ အိပ်ဆောင်များကဲ့သို့ပင်။ရေတံခွန်ကို လာကြည့်ပြီးပြန်သူထက် ပန်းချီထိုင်ဆွဲသူ၊ရေတံခွန် တထပ်ချင်းစီကို ဗီဒီယိုရိုက်ကူးနေကြသူ၊ ရေငြိမ်သော အထပ်များတွင်ရေကူးကြသူ၊ ဇစ်ပ်လိုင်းများစီးကြသူ၊ မြင်ကွင်းကောင်းကနေကော်ဖီကို ဇိမ်ခံသောက်ကြသူ စသဖြင့် အချိန်ယူပြီးနေကြသည်။ဝက်ဝံများကိုလည်း သဘာဝအတိုင်း ထားရှိပေးထားလို့ ခလေးတွေအကြိုက်လေ့လာသင်ယူစရာတွေပြည့်နေသော သဘာဝတရားကြီးပင် ဖြစ်ပါသည်။

news-view-count-icon

23