ထိုင်းနိုင်ငံ၊ လယောင်မြို့ရှိ ကားအပိုပစ္စည်း စက်ရုံတစ်ရုံမှ မြန်မာအလုပ်သမား ၂၇ ဦး သည် ၎င်းတို့၏ လုပ်ခလစာများ မရရှိသည့်အပြင် အလုပ်မှ ထုတ်ပယ်ခြင်း ခံခဲ့ရကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ အဆိုပါ မြန်မာလုပ်သားများသည် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရခြင်းကို မကျေနပ်၍ နိုဝင်ဘာ ၁၈ ရက်နေ့က အကူအညီတောင်းခံခဲ့ခြင်းဖြစ်ပြီး၊ MHAC အဖွဲ့၏ အကူအညီဖြင့် နယ်မြေခံ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးတွင် အလုပ်ရှင်အား အမှုဖွင့်တိုင်ကြားထားသည်။ လက်ရှိတွင် အစိုးရရုံးဘက်မှ အမှုကို လက်ခံထားပြီး ချိုးဖောက်ခံရသည့် အခွင့်အရေးများ ပြန်လည်ရရှိရေးအတွက် ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ လယောင်မြို့ရှိ ကားအပိုပစ္စည်းစက်ရုံမှ မြန်မာလုပ်သား ၂၇ ဦး လုပ်ခမရဘဲ အလုပ်ထုတ်ခံရ၍ အမှုဖွင့်တိုင်ကြား
Nov 21 • 2:04 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 56 | 0 | 0 | 0 |


