back

Meta က ဩစတြေးလျ၌ အသက် ၁၆ နှစ်အောက် လူငယ် သုံးစွဲသူများကို ဒီဇင်ဘာ ၄ ရက်မှစ၍ Facebook နှင့် Instagram မှ ဖယ်ရှားမည်

Nov 21 • 1:25 AM

breaking-news

မြန်မာ

ပြည်ပ

cover

Meta က ဩစတြေးလျ၌ အသက် ၁၆ နှစ်အောက် လူငယ် သုံးစွဲသူများကို ဒီဇင်ဘာ ၄ ရက်မှစ၍ Facebook နှင့် Instagram မှ ဖယ်ရှားမည်

နည်းပညာကုမ္ပဏီကြီး Meta သည် ဩစတြေးလျအစိုးရက အသက် ၁၆ နှစ်အောက် ကလေးများကို Social Media သုံးစွဲခွင့် ပိတ်ပင်ရန် ဥပဒေ စတင်ကျင့်သုံးမည့် အမိန့်နှင့်အညီ လာမည့် ဒီဇင...

နည်းပညာကုမ္ပဏီကြီး Meta သည် ဩစတြေးလျအစိုးရက အသက် ၁၆ နှစ်အောက် ကလေးများကို Social Media သုံးစွဲခွင့် ပိတ်ပင်ရန် ဥပဒေ စတင်ကျင့်သုံးမည့် အမိန့်နှင့်အညီ လာမည့် ဒီဇင်ဘာ ၄ ရက်နေ့ ကစ၍ Facebook နှင့် Instagram ပေါ်ရှိ အသက် ၁၆ နှစ်အောက် သုံးစွဲသူများကို ဖယ်ရှားသွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။ ဩစတြေးလျအစိုးရသည် ဒီဇင်ဘာ ၁၀ ရက်နေ့ကစ၍ ဥပဒေကို မလိုက်နာသည့် ပလက်ဖောင်းများကို ဩစတြေးလျဒေါ်လာ ၄၉.၅ သန်း (အမေရိကန်ဒေါ်လာ ၃၂ သန်း) အထိ ဒဏ်ငွေ ချမှတ်မည်ဟု အမိန့်ထုတ်ထားသည်။ Meta သည် ၁၃ နှစ်မှ ၁၅ နှစ်ကြား သုံးစွဲသူ ၅၀,၀၀၀ ခန့် (Instagram ၃၅၀,၀၀၀ နှင့် Facebook ၁၅၀,၀၀၀) ကို အသိပေးစာများ ပေးပို့နေပြီး၊ ဒီဇင်ဘာ ၄ ရက်မှစ၍ ၎င်းတို့၏ အကောင့်များကို ပိတ်သိမ်းသွားမည်ဖြစ်ကာ အဆိုပါလူငယ်များ အသက် ၁၆ နှစ်ပြည့်မှသာ အကောင့်ကို ပြန်လည်အသုံးပြုနိုင်မည်ဖြစ်သည်။ Meta က အစိုးရ၏ ဘေးကင်းလုံခြုံရေး ရည်ရွယ်ချက်ကို လက်ခံသော်လည်း ဆယ်ကျော်သက်များနှင့် သူငယ်ချင်းများအကြား အဆက်အသွယ် ဖြတ်တောက်ခြင်းသည် အဖြေမဟုတ်ကြောင်း ဝေဖန်ထောက်ပြထားသည်။ ဤတင်းကျပ်သော ဥပဒေသည် ကမ္ဘာတစ်ဝန်းရှိ Social Media အန္တရာယ် ထိန်းချုပ်ရေး ကြိုးပမ်းမှုများအတွက် စောင့်ကြည့်ခံနေရသည်။

news-view-count-icon

27