back

မိုးညှင်းမြို့နယ်တွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိ

Nov 20 • 4:14 AM

breaking-news

မြန်မာ

ကချင်

cover

မိုးညှင်းမြို့နယ်တွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာအနီးတွင် နိုဝင်ဘာလ ၁၉ ရက်နေ့ ၁၃နာရီ၃၀ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝ...

ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာအနီးတွင် နိုဝင်ဘာလ ၁၉ ရက်နေ့ ၁၃နာရီ၃၀ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် မယွန်းစံပယ် မောင်းနှင်ပြီး မစက်ကြည် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ပါသည်။ ၎င်းတို့ထံမှ ဘိန်းစိမ်း အလေးချိန် ၆ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၇၂ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မယွန်းစံပယ်(၂၉)နှစ် နှင့် မစက်ကြည်(၆၅)နှစ်တို့အား မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိပါသည်။

news-view-count-icon

24