back

တနင်္သာရီတိုင်း၊မောတောင်ရှိ ဥယျာဥ်ခြံနှင့် တောများထဲတွင် နေရသည့် ဒေသခံရှစ်ရာကျော်အတွက် အမိုးကာ၊ စားနပ်ရိက္ခာနှင့် စောင်များလိုအပ်

Nov 20 • 4:13 AM

breaking-news

မြန်မာ

တနင်္သာရီ

cover

တနင်္သာရီတိုင်း၊မောတောင်ရှိ ဥယျာဥ်ခြံနှင့် တောများထဲတွင် နေရသည့် ဒေသခံရှစ်ရာကျော်အတွက် အမိုးကာ၊ စားနပ်ရိက္ခာနှင့် စောင်များလိုအပ်

တနင်္သာရီတိုင်း၊ထိုင်း-မြန်မာနယ်စပ်မြို့‌လေးဖြစ်သည့်မော‌တောင်မြို့တွင် အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရင်း ဥယျာဉ်ခြံများနှင့် တောထဲ...

တနင်္သာရီတိုင်း၊ထိုင်း-မြန်မာနယ်စပ်မြို့‌လေးဖြစ်သည့်မော‌တောင်မြို့တွင် အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရင်း ဥယျာဉ်ခြံများနှင့် တောထဲတွင် နေထိုင် နေကြသည့် ဒေသခံ ရှစ်ရာကျော် အမိုးကာ၊ စားနပ်ရိက္ခာနှင့် စောင်များ လိုအပ်နေကြောင်း နေရပ်စွန့်ခွာရသူများကို ကူညီပေးသည့်သူများထံမှ သိရသည်။ “တောထဲမှာ ရှောင်နေရတော့ ပင်ပန်းကြတယ်။ သက်ကြီးရွယ်အိုတွေ၊ သားငယ်တွေ (ကလေး) များတော့ တဲတွေကို ဆောက်ရ ပင်ပန်းတယ်။ အချို့ဆိုရင် မီးဖွားထားတဲ့ သူတွေလည်း ပါလာကြတယ်။ အမိုးကာတွေက လုံလောက်မှု မရှိသေး ဘူး။ စောင်တွေလည်း လိုနေတယ်” ဟု ၎င်းက ဆိုသည်။ မိုးရွာချိန်ဆို အမိုးမရှိလို့ မအိပ်ရဘဲ ထထိုင်ပြီးနေနေ ရတယ်။ ပျော်ရွက် (ငှက်ပျော်ရွက်) တွေနဲ့ မိုး(ကာ)ပြီးနေနေကြတယ်။ တလာပတ်တွေပါတဲ့ သူကနည်းတယ်” ဟု ၎င်းကပြောပါသည်။

news-view-count-icon

36