ကမ္ဘာ့အဆင့်-၁ တင်းနစ်ကစားသမား ကားလို့စ် အယ်လ်ကာရက်ဇ်မှာ ဒဏ်ရာပြဿနာကြောင့် အီတလီနိုင်ငံ ဘိုလော့ဂ်ညာမြို့တွင် ကျင်းပမည့် Davis Cup Finals အသင်းလိုက်တင်းနစ်ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် စပိန်အသင်းမှ နုတ်ထွက်လိုက်ကြောင်း သိရသည်။အယ်လ်ကာရက်ဇ်မှာ နိုဝင်ဘာ ၁၆ ရက်က ဂျန်းနစ် ဆင်နာကို ရှုံးနိမ့်ခဲ့သည့် ATP Finals တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင်တံကောက်ကြောဒဏ်ရာ အနည်းငယ်ရရှိခဲ့ခြင်းဖြစ်ကာ Davis Cup ပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ဘိုလော့ဂ်ညာမြို့သို့ သွားရောက်ခဲ့သော်လည်း ဆေးစစ်ချက်အရ ပြိုင်ပွဲမှနုတ်ထွက်ခဲ့ခြင်းဖြစ်သည်။
Nov 20 • 2:18 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 35 | 0 | 0 | 0 |


