မြန်မာနိုင်ငံသို့ ၂၀၂၅ ခုနှစ် ပထမ ၁၀ လ အတွင်း နိုင်ငံခြားခရီးသွား ၈၀၉,၀၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန်ကယမန်နေ့ နိုဝင်ဘာ ၁၉ ရက်တွင် ပြောသည်။ ၂၀၂၄ ခုနှစ် အလားတူကာလတွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားခရီးသွား ဧည့်သည် ၈၉၀,၀၀၀ ခန့် ဝင်ရောက်ခဲ့သောကြောင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း နိုင်ငံခြားခရီးသွားဝင်ရောက်မှုနှင့် နှိုင်းယှဉ်ပါက အလားတူကာလထက် လျော့နည်းခဲ့ကြောင်း ၎င်းက ဆိုသည်။ ယခုကာလအတွင်းတွင် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့မှ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ အများဆုံးလာရောက်ကြောင်း ၎င်းက ဆိုသည်။



