မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာလ ၁၇ ရက်မှ၂၆ ရက်အထိကျင်းပပြုလုပ်လျက်ရှိပြီး ပြပွဲပထမနေ့နဲ့ဒုတိယနေ့မှာ ပုလဲအတွဲ(၂၂၄)တွဲစရောင်းရတယ်လို့ သိရပါတယ်။ပုလဲအတွဲအမှတ်(၁)ကနေ(၂၄၆)အထိ ဈေးနှုန်းတင်သွင်းလွှာတွေကို ဖွင့်ဖောက်စစ်ရာမှာ ပုလဲအတွဲ(၂၂၄)တွဲစရောင်းရတယ်လို့ ဆိုပါတယ်။ပုလဲအတွဲတွေကို နိုဝင်ဘာ၁၈ရက်မှ၁၉ရက် အထိလည်းကောင်း၊ကျောက်မျက်အတွဲများအားလုံးကို နိုဝင်ဘာလ၂၀ရက်နဲ့ကျောက်စိမ်းတွေကို နိုဝင်ဘာလ၂၁ရက်မှ၂၆ရက်အထိရောင်းချသွားမှာဖြစ်ပါတယ်။(၆၀)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့မှာ ကျောက်စိမ်းရိုင်းအတွဲ ၅,၀၈၅တွဲ၊ ကျောက်မျက်ရိုင်းအတွဲ ၁၃ တွဲ၊ ကျောက်မျက်လက်ဝတ် ရတနာအတွဲ ၁၄၇ တွဲနဲ့စုစု ပေါင်း ၁၆၀တွဲ၊ ပုလဲအတွဲ ၄၈၉ တွဲတို့ကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်တွေကို အိတ်ဖွင့်ဈေးပြိုင်တင်ဒါစနစ်ဖြင့် အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကလက်ခံတဲ့ နိုင်ငံခြားငွေများဖြင့် ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
Nov 20 • 2:07 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 24 | 0 | 0 | 0 |


