back

WEC 2024 Champion အသင်းဖြစ်တဲ့ SRG.OG မလေးရှားကိုယ်စားပြုအသင်းကတော့ WEC 2025 မှာပြန်လည်ယှဉ်ပြိုင်မည်

Nov 20 • 1:41 AM

breaking-news

မလေးရှား

ပြည်တွင်း

cover

WEC 2024 Champion အသင်းဖြစ်တဲ့ SRG.OG မလေးရှားကိုယ်စားပြုအသင်းကတော့ WEC 2025 မှာပြန်လည်ယှဉ်ပြိုင်မည်

WEC 2024 Champion အသင်းဖြစ်တဲ့ SRG.OG ကတော့ WEC 2025 မှာ ပြိုင်မှာမဟုတ်ကြောင်း ကြေညာထားပေမယ့်အခုတော့ ပြိုင်မယ်လို့ ပြန်လည်ဆုံးဖြတ်လိုက်ပါတယ်။M7 နဲ့နီးတာကတစ်ကြော...

WEC 2024 Champion အသင်းဖြစ်တဲ့ SRG.OG ကတော့ WEC 2025 မှာ ပြိုင်မှာမဟုတ်ကြောင်း ကြေညာထားပေမယ့်အခုတော့ ပြိုင်မယ်လို့ ပြန်လည်ဆုံးဖြတ်လိုက်ပါတယ်။M7 နဲ့နီးတာကတစ်ကြောင်း၊ မဖြစ်မနေပြိုင်သင့်တဲ့ 33rd SEA Games ရှိနေတာကတစ်ကြောင်း အဲ့ဒီအကြောင်းအရင်းတွေကြောင့် WEC 2025 ကို ရှောင်မယ်လို့ SRG.OG က ဆုံးဖြတ်ထားတာလည်းဖြစ်ပါတယ်။ဒါပေမယ့် WEC 2025 ကို မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ်ဆိုတော့ မလေးရှားတွေဘက်က SRG.OG မဟုတ်တဲ့ တခြားအသင်းကကစားသမားတွေနဲ့ မပြိုင်ချင်တဲ့ပုံဖြစ်ကာအဲ့ဒီတော့ အခု မလေးရှားလက်ရွေးစင်အသင်းအဖြစ် SRG YumS, SRG Sekyss, SRG Stormie MV Momo, TDK Loleals တို့က WEC 2025 မှာ ယှဉ်ပြိုင်ကြတော့မှာ ဖြစ်ပါတယ်။SRG.OG ကစားသမားတွေမပါဝင်ခင်တုန်းကတော့ မြန်မာအသင်း (MythicSEAL) နဲ့ ကမ္ဘောဒီးယားအသင်း (CFU Gaming) တို့အတွက် WEC 2025 Champions ဆုက နီးစပ်နေခဲ့ပါတယ်။

အခုတော့ မြန်မာအသင်းနဲ့ ကမ္ဘောဒီးယားအသင်းတွေအနေနဲ့ မလေးရှားလက်ရွေးစင်အသင်းကို သေချာပေါက်ကျော်ဖြတ်အနိုင်ယူနိုင်မှ Champions ဖြစ်ဖို့ နီးစပ်မှာဖြစ်ပါတယ်။SRG.OG ဟာ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလအတွင်း SRG.OG အသင်းသီးသန့်လေ့ကျင့်မှုရော၊ Team Malaysia အဖြစ် လေ့ကျင့်မှုရော ၂ မျိုးလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။SRG.OG က အရင်ကတော့ ပွဲပန်းမှာစိုးရိမ်လို့ ဒီ WEC 2025 ကိုရှောင်ချင်တဲ့သဘောပါ၊ ဒါပေမယ့် အခုတော့ ပွဲပန်းတဲ့ဆင်ခြေကို ဖယ်ပြီး ရနိုင်သမျှနိုင်ငံဂုဏ်ဆောင်ဖို့ ဆုံးဖြတ်ထားပုံရပါတယ်။

news-view-count-icon

24