မြန်မာနိုင်ငံသား အမျိုးသမီးငါးဦးသည် အလုပ်အကိုင်အတုများဖြင့် ၎င်းတို့၏ နိုင်ငံတူ မြန်မာနိုင်ငံသားအချင်းချင်းကို လှည့်ဖြားခဲ့မှုအတွက် မလေးရှားတရားရုံးချုပ်တွင် ပြစ်မှုဝန်ခံခဲ့ကြပြီးနောက် နိုဝင်ဘာလ ၁၉ ရက် ယနေ့တွင် ပြစ်ဒဏ်စီရင်ခံခဲ့ကြရသည်သည်။ ၎င်းတို့သည် အွန်လိုင်းမှတစ်ဆင့် မရှိသောအလုပ်အကိုင်များကို ကမ်းလှမ်းကာ မြန်မာနိုင်ငံသားများကို ပစ်မှတ်ထားခဲ့ကြောင်း ဝန်ခံခဲ့ကြသည်။ အမှုအချက်အလက်များအရ ရဲများက အဆိုပါအမျိုးသမီးများနှင့် သားကောင်များအကြား အမည်အတုနှင့် ပရိုဖိုင်ဓာတ်ပုံများကို အသုံးပြု၍ WhatsApp မှ ဆက်သွယ်မှုများကို တွေ့ရှိခဲ့သည်။ ရာဇဝတ်တရားသူကြီး Nabilah က တရားခံများဖြစ်သော မြန်မာအမျိုးသမီးငါးဦးကို တစ်ဦးလျှင် ရင်းဂစ် ၅,၀၀၀ ဒဏ်ငွေပေးဆောင်ရန်နှင့် ငွေဒဏ်မပေးဆောင်နိုင်ပါက ထောင်ဒဏ်ငါးလ ကျခံရန် အမိန့်ချမှတ်ခဲ့သည်။



