တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို အရှေ့ပိုင်းခရိုင် ရှေ့နေရုံးက တနင်္လာနေ့ (နိုဝင်ဘာ ၁၇ ရက်) မှာ ဂျပန်အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုဖြင့် တရားစွဲဆိုထားကြောင်း ကြေညာခဲ့ပါတယ်။ အသက် ၅၀ အရွယ်ရှိ အမျိုးသမီးတစ်ဦးဟာ ၂၀၂၄ ခုနှစ် ဇွန်လက ကျင်းပခဲ့တဲ့ BTS အဖွဲ့ဝင် ဂျင်ရဲ့ free hug ပွဲမှာ ဂျင်ရဲ့ပါးပြင်ကို ခွင့်ပြုချက်မရှိဘဲ အနမ်းတစ်ပွင့် ပေးခဲ့ပါတယ်။ အဲဒီ အနမ်းဗီဒီယိုကြောင့် ပရိသတ်တွေ ဒေါသထွက်ခဲ့ကြပြီး ပရိသတ်တွေက အဲဒီအမျိုးသမီးကို တိုင်ကြားမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ တောင်ကိုရီးယားရဲတပ်ဖွဲ့က ယခုနှစ် မတ်လက အမှုကို စုံစမ်းစစ်ဆေးမှုမှ ရပ်ဆိုင်းထားခဲ့တာဖြစ်ပြီး အမျိုးသမီးကိုသာ လာရောက်အစစ်ခံဖို့ အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသမီးက ရဲစခန်းကို လာရောက်အစစ်ခံခဲ့ပြီး ရဲတပ်ဖွဲ့က စွဲချက်တွေ မှန်ကန်ကြောင်း ဆုံးဖြတ်ကာ အမှုကို အစိုးရရှေ့နေဆီ လွှဲပြောင်းပေးခဲ့ပါသည်။



