back

ရန်ကုန်-ပြည် ကားလမ်းမကြီးပေါ်မှာ စပါးလှမ်းနေ၍ ယာဥ်တိုက်မှု မကြာခဏ ဖြစ်ပွားနေဟုဆို

Nov 19 • 3:01 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်-ပြည် ကားလမ်းမကြီးပေါ်မှာ စပါးလှမ်းနေ၍ ယာဥ်တိုက်မှု မကြာခဏ ဖြစ်ပွားနေဟုဆို

ရန်ကုန်-ပြည်၊ ကားလမ်းမကြီးပေါ် စပါးများတင်၍ နေပူလှမ်းနေကြသဖြင့် ကားနှင့်ဆိုင်ကယ်များ တိမ်းမှောက်မှု့ မကြာခဏ ဖြစ်ပွားနေကြောင်း ပြောဆိုကြပါတယ်။"စပါးပေါ်ချိန်ဆို ...

ရန်ကုန်-ပြည်၊ ကားလမ်းမကြီးပေါ် စပါးများတင်၍ နေပူလှမ်းနေကြသဖြင့် ကားနှင့်ဆိုင်ကယ်များ တိမ်းမှောက်မှု့ မကြာခဏ ဖြစ်ပွားနေကြောင်း ပြောဆိုကြပါတယ်။"စပါးပေါ်ချိန်ဆို ရန်ကုန်-ပြည်လမ်းမကြီးပေါ် စပါးတွေ နေပူလှမ်းနေကြလို့ ခုလိုပဲ နှစ်စဥ့် ယာဥ်အန္တရာယ်ကြုံတွေ့နေရတယ်။ ဒီလမ်းမကြီးပေါ် ကနေ ကျောင်းသူ/သားတွေ သွားလာနေကြရသလို ခရီးသွားတွေလည်း အန္တရာယ် မကြာခဏ ကြုံတွေ့နေရတယ်။ လယ်သမားတွေထက် စပါးရောင်း/ဝယ် လုပ်သူတွေ အများအပြား လှမ်းကြတော့ လမ်းမပေါ်သွားလာတဲ့ ဆိုင်ကယ်၊ သုံးဘီး၊ ကား ဒုက္ခများ ကြုံတွေ့ရတယ်"ဟု ရန်ကုန်-ပြည် လမ်းမပေါ် မောင်းနှင်နေသည့် ယာဥ်မောင်းများက ပြောပါတယ်။သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူတွေက ဒီကိစ္စကို ကြပ်ကြပ် မတ်မတ် ဆောင်ရွက် ပေးစေချင်တယ်ဗျာဟု ဥက္ကံမြို့၊ လမ်းချိုးရပ် နေသူတစ်ဦးက ‌ပြောပါတယ်။



news-view-count-icon

21