ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများကို နိုဝင်ဘာ ၂၀ ရက်မှ စတင်ကာ မြို့ပြဧရိယာများနည်းတူ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးသွားရန် မူလက နံနက် ၆ နာရီမှ ည ၆ နာရီအတွင်း အလှည့်ကျလျှပ်စစ်မီးဖြတ်တောက်သည့် Load Shed Plan ဖြင့် လျှပ်စစ်ဓာတ်အားများပေးဝေခဲ့ပြီး ယခုအခါ ရန်ကုန်မြို့အတွင်းရှိ မြို့ပြဧရိယာများနည်းတူ အုပ်စုနှစ်စုဖြင့် A ၊ B ခွဲကာ လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးသွားရန် စီစဉ်ထားခြင်းလည်းဖြစ်သည်ဟု ဆိုထားသည်။ရန်ကုန်မြို့တွင်းမြို့ပြဧရိယာများအတွင်းရှိ မြို့နယ်များတွင် နံနက် ၅ နာရီမှ ၉ နာရီ၊ နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီ၊ မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီ၊ ညနေ ၅ နာရီမှ ည ၉နာရီ ည ၉ နာရီမှ နောက်နေ့ မွန်းလွဲ ၁ နာရီ စသည့်ဖြင့် အပိုင်းလိုက်ခွဲကာ A ၊ B အုပ်စုနှစ်စုဖြင့် လျှပ်စစ်ဓာတ်အားများကို ဖြန့်ဖြူးနေလျက်ရှိသည်။
သို့ရာတွင် အခါကြီးရက်ကြီးများတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိသည့် အခြေအနေမျိုးကြုံရသည့် မြို့နယ်များရှိသလို တစ်ရက်ခြား၍ ညနေ ၅ နာရီမှ ည ၉ နာရီကြား၊ နံနက် ၅ နာရီမှ နံနက် ၉ နာရီကြား လျှပ်စစ်မီးပြတ်တောက်မှု ကြုံရသည့် မြို့နယ်များလည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။
ဓာတ်ငွေ့တာဘိုင်စက်များမောင်းနှင်၍ လျှပ်စစ်ဓာတ်အားပေးဝေရန် စီစဉ်ထားကာ လက်ရှိတွင် LNG သင်္ဘောရောက်ရှိနေပြီး ကဏ္ဍအလိုက်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။



