စင်တာမှာ ဗီဇာလျှောက်ထားမှု လက်ခံခြင်းနှင့် ပြန်လည်ထုတ်ပေးခြင်းကို ဆောင်ရွက်မှာဖြစ်ပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့ (ကြာသပတေးနေ့) မှစတင်ပြီး ဆောင်ရွက်မယ်လို့ သိရပါတယ်။ယခုလက်ရှိဆောင်ရွက်လျက်ရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှာ ဗီဇာလျှောက်ထားမှု လက်ခံဆောင်ရွက်ခြင်းက ဒီဇင်ဘာလ ၁၀ ရက်နေ့ (ဗုဒ္ဓဟူးနေ့) မှာ ပြီးဆုံးမှာပါ။စင်တာမှာ ဗီဇာလျှောက်ထားတဲ့အခါ သံရုံးမှာ ပေးဆောင်ရမယ့် ဗီဇာကြေးနဲ့ စင်တာအသုံးပြုဖို့ ဝန်ဆောင်ခ ကျသင့်မှာဖြစ်ပြီး ဗီဇာလျှောက်ထားချိန်မှာ ပေးချေရမယ်လို့ ထုတ်ပြန်ထားပါတယ်။



