ယနေ့ (နိုဝင်ဘာ ၁၉ ရက်) နံနက်ပိုင်းတွင် တာချီလိတ်မြို့ရှိ တာလော့ရပ်ကွက်နှင့် အနီးတစ်ဝိုက်ရှိ ရပ်ကွက်အချို့၌ မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် ရေထပ်ဝင်နေကြောင်း တာချီလိတ်မြို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။ယမန်နေ့ (နိုဝင်ဘာလ ၁၈ ရက်) နေ့လယ် ၂ နာရီဝန်းကျင်တွင် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်းကျေးရွာအုပ်စု၊ ဟိုခိုရွာအနီး သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်တိုင်ကို ယာဉ်မတော်တဆ ဝင်တိုက်မိခြင်းကြောင့် ဓာတ်အားပြတ်တောက်မှု ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် တာချီလိတ်မြို့နှင့် အနီးအနားရှိ ကျေးရွာများတွင် လျှပ်စစ်မီး ပြတ်တောက်နေကြောင်း သိရသည်။



