back

မြန်မာနိုင်ငံဟာ စားနပ်ရိက္ခာ မလုံလောက်မှုအတွက် စိုးရိမ်ဖွယ် အမြင့်မားဆုံး နေရာတခုဖြစ်လာဟုဆို

Nov 19 • 8:52 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာနိုင်ငံဟာ စားနပ်ရိက္ခာ မလုံလောက်မှုအတွက် စိုးရိမ်ဖွယ် အမြင့်မားဆုံး နေရာတခုဖြစ်လာဟုဆို

ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးနောက်ဆုံးထုတ် အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ စားနပ်ရိက္ခာ မလုံလောက်မှုအတွက် စိုးရိမ်ဖွယ် အမြင့်မားဆုံး နေရာတစ်ခုအဖြစ် သတ်မှတ်ခံထားရဆဲဖြစ...

ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးနောက်ဆုံးထုတ် အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ စားနပ်ရိက္ခာ မလုံလောက်မှုအတွက် စိုးရိမ်ဖွယ် အမြင့်မားဆုံး နေရာတစ်ခုအဖြစ် သတ်မှတ်ခံထားရဆဲဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (UNOCHA) ရဲ့ နိုဝင်ဘာ ၁၇ ရက်က အစီရင်ခံစာအရ သိရပါတယ်။အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံဟာ ၂၀၂၅ခုနှစ် ပထမနှစ်ဝက်မှာတင် ကမ္ဘာပေါ်မှာ ပဋိပက္ခပြင်းထန်မှု ဒုတိယအဆင့်ရှိတယ်လို့ဆိုထားပြီး ဒါ့အပြင်အရပ်သားတွေအတွက် စတုတ္ထအန္တရာယ်အရှိဆုံးနိုင်ငံဖြစ်တယ်လို့လည်း ဆိုပါတယ်။ဖြစ်ပွားနေဆဲပဋိပက္ခ ၊ ရေကြီးရေလျှံတာနဲ့ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့လျင် အပါအဝင် အခက်အခဲများစွာရဲ့ အကျိုးဆက်တွေကို မြန်မာပြည်သူတွေဟာ ဆင့်ကဲရင်ဆိုင်နေကြရတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။၂၀၂၅ ခုနှစ် နိုဝင်ဘာလအထိ နိုင်ငံတစ်ဝန်းမှာ ပြည်တွင်းနေရပ်စွန့်သူဦးရေ ၃ ဒသမ ၆သန်းရှိမယ်လို့ ခန့်မှန်းထားပြီး အောက်တိုဘာနဲ့ နိုဝင်ဘာလဆန်းပိုင်းက တိုက်ပွဲတွေကြောင့် မိသားစုများစွာဟာ နေအိမ်တွေကို စွန့်ခွာခဲ့ကြရပြီး လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေ ပိုမို များပြားလာခဲ့တယ်လို့ဆိုပါတယ်။၂၀၂၅ ခုနှစ် ကုန်ဆုံးဖို့ နှစ်လခန့်ပင် မကျန်တော့တဲ့ အချိန်ထိ ၂၀၂၅ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေနဲ့ တုံ့ပြန်ရေး အစီအစဉ် (HNRP) အတွက် ၁၅ ရာခိုင်နှုန်းမျှသာ ရန်ပုံငွေရရှိထားတာကြောင့် အခုလို ရန်ပုံငွေ ဆိုးရွားစွာ မလုံလောက်မှုဟာ လိုအပ်နေသူ လူဦးရေ သန်းပေါင်းများစွာအတွက် လူမှုဘ၀ရှင်သန်ရေး အကူအညီများ ပေးအပ်နိုင်ရေးအလွန်ခက်ခဲစေတယ်လို့ ထုတ်ပြန်ထားပါတယ်။

news-view-count-icon

35