back

အနုပညာရှင်၊ အတတ်ပညာရှင်(၉၈)ဦး ရုပ်ရှင်အစည်းအရုံးဝင် ကတ်သက်တမ်းကုန်နေ၍ သက်တမ်းတိုးရန်မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကသတိပေးချက်ထုတ်ပြန်

Nov 19 • 8:13 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

အနုပညာရှင်၊ အတတ်ပညာရှင်(၉၈)ဦး ရုပ်ရှင်အစည်းအရုံးဝင် ကတ်သက်တမ်းကုန်နေ၍ သက်တမ်းတိုးရန်မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကသတိပေးချက်ထုတ်ပြန်

ရုပ်ရှင်အစည်းအရုံးဝင်ကတ်သက်တမ်းကုန်နေတဲ့ အနုပညာရှင်၊ အတတ်ပညာရှင် (၉၈)ဦးသက်တမ်းတိုးဖို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကသတိပေးချက်ထုတ်ပြန် လိုက်ပါတယ်။အဓိကသရုပ်ဆေ...

ရုပ်ရှင်အစည်းအရုံးဝင်ကတ်သက်တမ်းကုန်နေတဲ့ အနုပညာရှင်၊ အတတ်ပညာရှင် (၉၈)ဦးသက်တမ်းတိုးဖို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကသတိပေးချက်ထုတ်ပြန် လိုက်ပါတယ်။အဓိကသရုပ်ဆောင်တွေထဲမှာ မိုးယံစံ၊ဆုရွှန်းလဲ့၊သီရိရှင်းသန့် အပါအဝင် သရုပ်ဆောင်တွေ၊ ဒါရိုက်တာ၊ ဇာတ်ပို့၊ ဇာတ်ရံ၊စက်မှု၊အုပ်ချုပ်၊ဖြန့်ချိ၊ပြသအလွှာက အနုပညာရှင်အတတ်ပညာရှင်တွေ သက်တမ်းကုန်တဲ့ထဲပါဝင်နေတာဖြစ်ပါတယ်။အချိန်မီသက်တမ်းမတိုးရင် ရုပ်ရှင်အစည်းအရုံးဝင်အဖြစ်မှပယ်ဖျက်ဖို့ရှိတယ်လို့ ဇူလိုင်လတုန်းကကြော်ညာခဲ့ကြောင်းနဲ့ အခု ၂၀၂၅ခုနှစ်ဒီဇင်ဘာလ(၃၁)ရက်နောက် ဆုံးထားပြီး သက်တမ်းတိုးကြရန်၊လာရောက်သက်တမ်းတိုးခြင်းမရှိပါက အသင်းဝင် အဖြစ်မှ အပြီးထုတ်ပယ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

news-view-count-icon

37