အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်းတွေအပေါ် လတ်တလော တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့တဲ့ အစ္စရေးနိုင်ငံသား တွေကို တရားဥပဒေအရ အရေးယူနိုင်အောင် အစိုးရအဖွဲ့ဝန်ကြီးတွေကို အစည်းအဝေး အရေးပေါ်ခေါ်ယူသွား မယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြောကြားလိုက်တာကို CNN သတင်းမှာ ဖော်ပြထားပါ တယ်။နိုဝင်ဘာလ ၁၇ ရက်က အကြမ်းဖက်မှုမှာ အစ္စရေးလူမျိုးတွေဟာ ဇာအီးရ်ကျေးရွာက ပါလက်စတိုင်း အရပ်သား တွေနဲ့ အိုးအိမ်ပိုင်ဆိုင်မှုတွေအပေါ် တိုက်ခိုက်ခဲ့သလို ဘသ်လ်ဟမ်မြို့အနီးရှိ ပါလက်စတိုင်းရွာတစ်ရွာဖြစ်တဲ့ ဂျက်ဘာမှာလည်း နေအိမ်တွေနဲ့ မော်တော်ယာဉ်တွေကို မီးရှို့ခဲ့တယ်လို့ အရာရှိတွေကို ကိုးကားပြီး WAFA သတင်းမှာ ဖော်ပြပါတယ်။ အစ္စရေးဟာ အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်းတွေအပေါ် တိုက်ခိုက်မှုတွေကို ထိန်းချုပ်ဖို့ နိုင်ငံတကာဖိအား တွေလည်း တိုးပွားလာနေတာဖြစ်ကာဝန်ကြီးတွေကို အစည်းအဝေး ခေါ်ယူတာဟာ အကြမ်းဖက်မှုကို ဖြေရှင်းဖို့ နေတန်ယာဟုရဲ့ လတ်တလော အရေးအကြီးဆုံး လုပ်ဆောင်ချက်ဖြစ်ပြီး အစိုးရက အာရုံ ပိုမိုစိုက်ထားတဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။



