back

ထိုင်းနိုင်ငံရဲ့တာ့ခ်ပြည်နယ်၊ မယ်လမတွင် မြန်မာ ၃၆ ဦးကို ဖမ်းဆီးခံရ

Nov 19 • 7:17 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံရဲ့တာ့ခ်ပြည်နယ်၊ မယ်လမတွင် မြန်မာ ၃၆ ဦးကို ဖမ်းဆီးခံရ

ယမန်နေ့ နိုဝင်ဘာလ ၁၈ ရက် ည ၁၀:၀၀ နာရီဝန်းကျင်က မဲလမခရိုင်အုပ်ချုပ်ရေးအဖွဲ့နှင့် အမှတ် ၃၄၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့ဟာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ...

ယမန်နေ့ နိုဝင်ဘာလ ၁၈ ရက် ည ၁၀:၀၀ နာရီဝန်းကျင်က မဲလမခရိုင်အုပ်ချုပ်ရေးအဖွဲ့နှင့် အမှတ် ၃၄၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့ဟာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၆ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။မယ်လမခရိုင်၊ ဘန်ပါမိုင်ရွာ သင်္ချိုင်းမှာ ကင်းပုန်းဝပ်နေချိန်မှာ လမ်း‌ေလျှာက်လာနေတဲ့ အဖွဲ့တစ်ဖွဲ့ကို တွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။လမ်းပြက ရှေ့ကနေ ဓာတ်မီးကို ဖွင့်လိုက်ပိတ်လိုက်လုပ်ပြီး လမ်းပြနေတာပါ။ လုံခြုံရေးအဖွဲ့က ရပ်ဖို့အော်ပြောချိန်မှာ အကုန်ထွက်ပြေးကုန်ကြပါတယ်။ အစောပိုင်းမှာ လူ ၂၄ ဦးကိုပဲ ဖမ်းဆီးနိုင်ခဲ့ပြီး လမ်းပြကတော့ တခြားဖြစ်ရပ်တွေမှာလိုပဲ လွတ်သွားပါတယ်။ထို့နောက် ပုန်းနေတဲ့ လူတွေကိုထွက်လာဖို့ မိထားတဲ့သူတွေကို အော်ခိုင်းခဲ့ပါတယ်။ အားလုံးတဖြည်းဖြည်း ထွက်လာတဲ့အချိန်မှာ လူ ၃၆ ဦး အမျိုးသား ၂၀ ဦးနှင့် အမျိုးသမီး ၁၆ ဦးကို ဖမ်းဆီးမိလိုက်ပါတယ်။ သူတို့တွေဟာ ထိုင်းနိုင်ငံအတွင်းကို ဝင်ရောက်ဖို့ ပွဲစားကို ဘတ် ၁၈,၀၀၀ မှ ၂၀,၀၀၀ အထိ ပေးခဲ့ရပါတယ်။ အများစုက ဘန်ကောက်အထိသွားဖို့ အစီအစဉ်ရှိပါတယ်။




news-view-count-icon

19